သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ပိုလာ ဗောတက်စ် အအေးလှိုင်း

7 ဇန်နဝါရီ 2014 16:15 GMT နောက်ဆုံး ရေးသားသည်။

မြောက်အမေရိက တိုက်ကို ဖြတ်တိုက်ခတ်နေတဲ့ အာတိတ် လေတွေကြောင့် အမေရိကန်မှာ ဆယ်စုနှစ်များစွာ အတွင်း မကြုံဘူးတဲ့ အအေးလွန်ကဲမှုတွေ ဖြစ်နေပါတယ်။

ဒါဟာ နှစ် ၂၀ အတွင်း အအေးဆုံး ဖြစ်ပါတယ်။ လူတွေကို အိမ်ထဲမှာသာ နေဖို့ အာဏာပိုင်တွေက သတိပေး ထားပါတယ်။ မိုးလေဝသ ပညာရှင်တွေက ဒီလေအေးတွေကြောင့် အပူချိန်ဟာ အနှုတ် ၄၀ ဒီဂရီ ဆဲလ်စီးရပ်စ်အထိ ကျဆင်းနိုင်တယ်လို့ ပြောနေကြပါတယ်။