သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဖလူဂျာကို ပြန်ရအောင် အီရတ်အစိုးရ တိုက်နေ

6 ဇန်နဝါရီ 2014 17:06 GMT နောက်ဆုံး ရေးသားသည်။

အီရတ် ဝန်ကြီးချုပ် နိုရီ အဲလ် မာလစ်ခီက တိုက်ပွဲတွေ ဖြစ်နေတဲ့ ဖလူဂျား မြို့က မြို့ခံတွေကို အဲဒီကနေ အဲလ်ကိုင်းဒါးနဲ့ ဆက်စပ်နေတဲ့ သူပုန်တွေကို မောင်းထုတ်ဖို့ တိုက်တွန်း လိုက်ပါတယ်။

အဲဒီမြို့ နဲ့ အနောက်ပိုင်း ပိုကျတဲ့ ရာမာဒီ မြို့က နေရာ တချို့ကို အဲလ်ကိုင်းဒါးနဲ့ တခြားလူမျိုးစု လက်နက်ကိုင်တွေ ထိန်းချုပ်ထားပြီး အစိုးရတပ်တွေက ပြန်ရဖို့ ကြိုးစား နေကြတာ ဖြစ်ပါတယ်။

လက်နက်ကြီးတွေနဲ့ လေကြောင်းက တိုက်ခိုက်မှုတွေကို ရှောင်ဖို့ ဖလူဂျာ မြို့ခံ ရာပေါင်းများစွာဟာလည်း ထွက်ပြေး ခဲ့ရပြီး ဖြစ်ပါတယ်။