၂၀၁၃ အတွင်း တရုတ်ရဲ့ ထူးခြားမှတ်တမ်း

3 ဇန်နဝါရီ 2014 16:15 GMT နောက်ဆုံး ရေးသားသည်။

၂၀၁၃ အတွင်း တရုတ်ပြည်နဲ့ ပတ်သက်တဲ့ ထူးခြားသတင်း ဓာတ်ပုံတွေကို စုစည်းထား
၂၀၁၃ ဇန်နဝါရီက မြို့တော် ဘေဂျင်းမှာ လေထုညစ်ညမ်းမှုကြောင့် မြူခိုးများ ဖုံးလွှမ်းနေစဉ်။
အမေရိကန် အင်တာနက် လုံခြုံရေး ကုမ္ပဏီက စွပ်စွဲတဲ့ တရုတ်စစ်တပ် လက်အောက်ခံ hacking ဌာန တည်ရှိရာ ရှန်ဟိုင်းမြို့က အဆောက်အအုံ။
မတ်လမှာ သမ္မတ ဖြစ်လာတဲ့ ရှီဂျင်ပင်း ရုရှနိုင်ငံကို ရောက်ရှိစဉ်။
ရှန်ဟိုင်းမြို့ သောက်သုံးရေအတွက် အားထားရတဲ့ Huangpu မြစ်အတွင်းမှ ဆယ်ယူနေသည့် ဝက်သေကောင်များ။
သမ္မတ ရှီဂျင်ပင်းကို ဇွန်လမှာ သမ္မတ အိုဘာမားနဲ့အတူ ကယ်လီဖိုးနီးယားပြည်နယ်မှာ တွေ့ရစဉ်။
တရုတ် အမျိုးသမီး အာကာသယာဉ်မှူး Wang Yaping သူမရဲ့ သိပ္ပံပို့ချချက်ကို ဇွန်လမှာ အာကာသမှ ပေးပို့ထုတ်လွှင့်စဉ်။
ဇူလိုင်လမှာ Ji Zhongxing ဆိုသူက ဘေဂျင်း လေဆိပ်မှာ လက်လုပ်ဗုံးကို ဖောက်ခွဲ။ မတော်တဆ ဖောက်ခွဲမိတာလို့ ဆို။ အောက်တိုဘာမှာ ထောင် ၆ နှစ် ကျ။
အဂတိ လိုက်စားမှု စွပ်စွဲချက်တွေနဲ့ Bo Xilai ကို ရုံးထုတ်စဉ်။ ဘိုရှီလိုင်က စွပ်စွဲချက်တွေကို ငြင်းဆိုပေမယ့် အောက်တိုဘာမှာ တစ်ကျွန်းချခံရ။
တရုတ် နာမည်ကြီး ဘလော့ဂါ Charles Xue သြဂုတ်လမှာ အဖမ်းခံရ။ မမှန်သတင်း ဖြန့်ဝေမှုနဲ့ ပြည့်တန်ဆာမှုတွေအတွက် ရုပ်သံကတဆင့် ခံဝန်ချက်ပေး။
တရုတ်အစိုးရရဲ့ အဂတိတိုက်ဖျက်ရေး နည်းလမ်းတစ်ခုအဖြစ် တရုတ်အရာရှိတွေ ပြည်သူပိုင်ငွေနဲ့ လမုန့်ဝယ်ယူတာကို စက်တင်ဘာမှာ တားမြစ်။
အောက်တိုဘာမှာ တိန့်ယန်မင် ရင်ပြင်ကို ကားတစ်စီး အကြမ်းဖက် ဝင်ရောက်ပြီး မီးလောင်သွားလို့ လူ ၅ ဦး သေ။ ရှင်ဂျန်းပြည်နယ်က မွတ်ဆလင်တွေ လက်ချက်လို့ အစိုးရက ဆို။
နိုဝင်ဘာမှာ အရှေ့တရုတ် ပင်လယ်တဝိုက် လေကြောင်းကာကွယ်ရေးဇုန် ကြေညာ။ ဇုန်ထဲမှာ ဂျပန်နဲ့ ပိုင်ဆိုင်မှု အငြင်းပွားနေဆဲ ကျွန်းစုတွေ ပါဝင်။