သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

စက္ကူတဝက် ပန်းတဝက်

23 ဒီဇင်ဘာ 2013 23:29 GMT နောက်ဆုံး ရေးသားသည်။

တယု တယ တမြတ် တနိုး ထားခဲ့ ရာက စက္ကူ ပန်း တပွင့်လို့ သိလိုက် ရတဲ့ အခါ

စက္ကူပန်းကို ပန်းအစစ် မဟုတ်ဘူး ဆိုပြီး ပန်းစာရင်း မသွင်းချင်ကြ ဘူးလား၊ ရနံ့ မရှိတဲ့ စက္ကူပန်းမှာ ရော အဆင်းနဲ့ အချင်းတွေ မရှိ ရတော့ ဘူးလား. ပန်းအစစ် ပါလို့ တယု တယ တမြတ် တနိုး ထားခဲ့ ရာက စက္ကူပန်း တပွင့်လို့ သိလိုက် ရတဲ့ အခါ ....။

အဓိက ဇာတ်ဆောင်တွေ အဖြစ် ဟာသ သရုပ်ဆောင် ကိုပန်းသီး (သီးလေးသီး) နဲ့ အဆိုတော် သရုပ်ဆောင် မကော်နီတို့က သဏ္ဍာန်လုပ် သရုပ် တူအောင် သရုပ် ဆောင် ပေးခဲ့ကြ ပါတယ်။

ဇာတ်လမ်းရဲ့ ပင်မ သီချင်းဖြစ်တဲ့ ..ဘဝရထား..ကို မကော်နီက ဇာတ်ဝင်ခန်း အတိုင်း သီဆိုခဲ့ ပါတယ်။ ဂီတာကို ကူညီ အားဖြည့် တီးပေးသူ ကတော့ မဇ္စျိမ လှိုင်း မှာ တီးနေတဲ့ ကိုရွှေထွဋ် ပါပဲ။

ခရစ္စမတ် အထူး အစီ အစဉ် အဖြစ် ဒီအသံလွှင့် ဇာတ်လမ်းကို ဒီဇင်ဘာ ၂၄၊ ၂၅၊ ၂၆ သုံးရက် ဆက်တိုက် သုံးပိုင်း ခွဲလို့ ဘီဘီစီ ညပိုင်း အသံ လွှင့်ချိန် တွေမှာ ထုတ်လွှင့် ပေးသွားမှာ ဖြစ်ပါတယ်။