ဖျက်ဆီးခံ ဗုဒ္ဓဘာသာကျောင်း ၁၉ ကျောင်း ပြန်လည် တည်ဆောက် ပြီးစီး

17 စက်တင်ဘာ 2013 14:18 GMT နောက်ဆုံး ရေးသားသည်။

မနှစ်က စက်တင်ဘာလအတွင်း မွတ်ဆလင်တွေ ဖျက်ဆီးခဲ့တဲ့ ဗုဒ္ဓဘာသာကျောင်း ၁၉ ကျောင်းကို ပြန်လည် တည်ဆောက်ပြီးစီး
restored buddhist temples
ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်းမှာ မနှစ်က မွတ်ဆလင်တွေ ဖျက်ဆီးခဲ့တဲ့ ဗုဒ္ဓဘာသာကျောင်း ၁၉ ကျောင်းကို အစိုးရ အကူအညီနဲ့ ပြန်လည်တည်ဆောက်ခဲ့ပါတယ်။
restored buddhist temples
အစအန မကျန်အောင် ဖျက်ဆီးခံခဲ့ရတဲ့ တချို့ကျောင်းတွေထဲက တစ်ကျောင်းကို ပြန်လည်တည်ဆောက်အပြီး တွေ့မြင်ရစဉ်။
restored buddhist temples
ရာမု (ခေါ်) ပန်းဝါမြို့က ပေ ၁၀၀ ကျော်ရှည်တဲ့ လျောင်းတော်မူ ဗုဒ္ဓဆင်းတုတော်ကိုလည်း ပြန်လည်ပြင်ဆင်ထားတာ တွေ့ရပါတယ်။
restored buddhist temples
ပရဝုဏ် တစ်ခုလုံးကို ပြင်ဆင်ဖို့ ဘင်္ဂလားဒေ့ရှ် စစ်တပ်က ကူညီခဲ့တယ်လို့ ဆိုပါတယ်။
restored buddhist temples
လက်ရာအသစ်နဲ့ ပြန်တည်ဆောက်ထားတဲ့ ရာမုမြို့က Lal Ching ကျောင်း၊ တချို့တွေကတော့ ကျောင်းအဟောင်းကို နှမြောနေကြတယ်လို့ ဆိုပါတယ်။
restored buddhist temples
တချို့ ရှေးဟောင်းလက်ရာတွေကိုတော့ မူရင်းမပျက်အောင် ပြန်တည်ထားတယ်လို့ သိရပါတယ်။
restored buddhist temples
ရာမု(ခေါ်) ပန်းဝါမြို့မှာ အကြီးဆုံး ဗုဒ္ဓဘာသာကျောင်းဖြစ်တဲ့ Seema ကျောင်းသို့ လာရောက် ဝတ်ပြုကြသူများ။
restored buddhist temples
ဒီကျောင်းကတော့ ဖျက်ဆီးခံလိုက်ရတဲ့ ရှေးဟောင်း သွပ်မိုးပျဉ်ထောင် ကျောင်းအဟောင်းကို အစားထိုး တည်ဆောက်ထားတာ ဖြစ်ပါတယ်။
restored buddhist temples
ရာမုမြို့မှာပဲ ရခိုင် ဗုဒ္ဓဘာသာကျောင်းကိုတော့ မူရင်းအတိုင်းဖြစ်အောင် ပြန်တည်ဆောက်ထားတယ်လို့ ဆိုပါတယ်။