BBC navigation

မလေးရှားက ကြောင့်ကြနေသူများ

နောက်ဆုံး ရေးသားချိန် 1 စက်တင်ဘာလ 2013 - 16:52 GMT

မလေးရှားက ကြောင့်ကြနေသူများ

  • ဖမ်းဆီးခံ အင်ဒိုနီးရှားက အလုပ်သမား တဦး ကတော့၊ ရဲတွေက အထောက် အထားတွေကို စစ်ဆေးနေစဉ် စိတ်လှုပ်ရှား စွာနဲ့ စောင့် နေပါတယ်။ စက်တင်ဘာ ၁ ရက်နေ့က စလို့ တရား မဝင် အလုပ် သမားတွေ ဖမ်းဆီးရေး မလေးရှားမှာ စတင်ခဲ့ပြီ ဖြစ်ပါတယ်။
  • ကွာလာလမ်ပူ မြို့အပြင်ဘက် နေရာတွေမှာ ရှင်းလင်းမှု တွေ ပြုလုပ်နေ။
  • တရားမဝင်လို့ သံသယ ရှိတာနဲ့ အခုလို လက်ထိတ် ခတ် ဖမ်းဆီး တော့တာ ဖြစ်ပါတယ်။
  • သူကတော့ အင်ဒိုနီးရှားက လာတဲ့ အလုပ်သမား ပါ။ အထောက်အထား မရှိလို့ ဖမ်းမိပြီး ရဲကား ပေါ် ရောက်သွားပါပြီ။
  • တရားမဝင်တွေ ပုန်းခိုနေနိုင်တဲ့ စားအုန်းပင် တန်း တွေဘက် မှာလည်း ညအချိန် ရဲတွေက လိုက်လံ ရှာဖွေ။
  • တရားမဝင် အလုပ် သမားတွေ အတွက်တော့ လူဝင်မှု အရာရှိတွေဟာ လမိုက်ညရဲ့ ဧည့်ဆိုးတွေ ဖြစ်နေလေ မလား။

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။