စက္ကူကတ်ပြားတွေနဲ့ ဆောက်တဲ့ ခရစ်ယာန်ဘုရားကျောင်း

19 ဩဂုတ် 2013 15:49 GMT နောက်ဆုံး ရေးသားသည်။

နယူးဇီလန် နိုင်ငံမှာ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ ဘုရားရှိခိုးကျောင်း အစား စက္ကူကတ်ပြားတွေနဲ့ ပြန်တည်ဆောက်
cardboard church
စက္ကူကတ်ပြားတွေကို အဓိက အသုံးပြုပြီး တည်ဆောက်ထားတဲ့ ဘုရားရှိခိုးကျောင်းကို နယူးဇီလန်နိုင်ငံ၊ Christchurch မြို့မှာ ဖွင့်လှစ်ခဲ့ပါတယ်။
cardboard church
၁၉ ရာစုက ရှေးဟောင်း အင်္ဂလိပ် ဘုရားကျောင်းဟာ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့အတွက် စက္ကူကတ်ပြားနဲ့ ဘုရားကျောင်းကို ယာယီ အစားထိုးတဲ့အနေနဲ့ တည်ဆောက်ခြင်း ဖြစ်ပါတယ်။
cardboard church
Christchurch မြို့မှာ ၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလက လှုပ်ခဲ့တဲ့ ငလျင်ကြောင့် ကျောင်းအဟောင်း ပျက်စီးခဲ့ရသလို လူပေါင်း ၁၈၅ ယောက်လည်း သေဆုံးခဲ့ပါတယ်။
cardboard church
ရှေးဟောင်း ဘုရားကျောင်းဟာ ယခင်က Christchurch မြို့ရဲ့ အဓိက သင်္ကေတ ဖြစ်ခဲ့ပါတယ်။
cardboard church
အခုဖွင့်လှစ်တဲ့ စက္ကူကတ်ပြားနဲ့ဆောက်တဲ့ ဘုရားကျောင်းဟာ လူ ၇၀၀ ဝင်ဆံ့ပြီး နှစ်ပေါင်း ၅၀ လောက် တည်တံ့နိုင်မယ်လို့ ဆိုပါတယ်။
cardboard church
ထူထဲတဲ့ စက္ကူကတ်ပြားတွေနဲ့ ရောင်စုံ မှန်ပြတင်းတွေပါ ထည့်သွင်းတည်ဆောက်ထားပါတယ်။
cardboard church
အခုလို ဆန်းသစ်တဲ့ ဗိသုကာ ဒီဇိုင်းကို ဂျပန်ဗိသုကာ ပညာရှင် ရှီဂျာရုဘန် က ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။
cardboard church
ရေစိုခံစေတဲ့ polyurethane သုတ်လိမ်းထားတဲ့ ၂၄ လက်မ အထူရှိ ကတ်ထူပြားတွေကို ဂျပန် ဗိသုကာ ပညာရှင်က အသုံးပြု တည်ဆောက်ထားတာ ဖြစ်ပါတယ်။
cardboard church
ဒီဘုရားကျောင်းဟာ ရေစိုခံတယ် ဆိုပေမယ့် ပြီးခဲ့တဲ့လက မိုးကြီးခဲ့လို့ ကတ်ထူပြားတချို့ ပျော့အိလာတာကြောင့် တချို့ကို ဖြုတ်လဲခဲ့ရပါသေးတယ်။
cardboard church
အခုလို ဆန်းသစ်တဲ့ စိတ်ကူးဒီဇိုင်းနဲ့ ဘုရားကျောင်းအသစ်ဟာ ငလျင်ဒဏ်ထိခဲ့တဲ့ Christchurch မြို့ရဲ့ ပြန်လည်တည်ဆောက်ရေးမှာ အဓိကကျတဲ့ မှတ်တိုင်တစ်ခု ဖြစ်ပါတယ်။