BBC navigation

အမေ့ခံ ပုံရိပ် ရေငုပ်ဘ၀များ

နောက်ဆုံး ရေးသားချိန် 28 ဇူလိုင်လ 2013 - 17:01 GMT

မီဒီယာ ပလေးယား

ရန်ကုန်မြစ်နဲ့ လှိုင်မြစ် ထဲမှာ ပြန်ရောင်းစားလို့ ရနိုင်မယ့် အရာတွေကို ရေငုပ်ရှာဖွေ ရပ်တည် နေကြသူ တွေရဲ့ အကြောင်း

နားထောင်ရနmp3

ဒီမီဒီယာကို ဖွင့်၍မရပါ

တခြား Media Player ဖြင့် ဖွင့်ပါ

ရေငုပ်ပြီး ရှာဖွေလို့ ရလာတဲ့ သံတိုသံစနဲ့ ကျောက်မီးသွေးတုံးတွေကို ပြန်ရောင်းစား အသက်မွေးကြ

ရေငုပ်ပိုက် တချောင်းကို အသုံးချပြီး ရေအောက် မြစ်ကြမ်းပြင် မှာရှိတဲ့ သင်္ဘောပျက်တွေက ရတဲ့ သံတိုသံစ ကြေးနီ အတိုအစနဲ့ ကျောက်မီးသွေးတုံးတွေကို ရေငုပ် ရှာဖွေယူ ရတာ လွယ်ကူချောမောတဲ့ သမာအာဇီဝ အလုပ်လို့ ထင်ပါသလား ။

တဝမ်းတခါးစာအတွက် အခုလို ရှာဖွေရင်း အသက်အန္တရာယ် ကြိမ်ဖန် များစွာ ကြုံရပေမယ့်လည်း ရလာတဲ့ အပိုင်းအစတွေကို ပြန်ရောင်းချ စားသောက် ရပ်တည် နေကြသူတွေ အများအပြား ရှိပါတယ်။

ရန်ကုန်မြစ်နဲ့ လှိုင်မြစ် ထဲမှာ ပြန်ရောင်းစားလို့ ရနိုင်မယ့် အရာတွေကို ရေငုပ်ရှာဖွေ ရပ်တည်ရင်း လှိုင်းကိုတောင် မမှုနိုင်အားဘဲ ငါးဖမ်းပိုက် လှေတွေနဲ့ တိုးမိတဲ့ အခါ အသက်အန္တရယ် ကြုံရသလို ပျက်စီးသွားတဲ့ ပိုက်တွေကိုလည်း အဆမတန် ပြန်လျော် ပေးရလေ့ ရှိတယ်လို့ ဆိုပါတယ်။

အဲဒီလို ရုန်းကန်နေရတဲ့ အမေ့ခံ ပုံရိပ်တွေရဲ့ အကြောင်းကို မစန္ဒာက တင်ဆက် ပေးထားပါတယ်။

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။