BBC navigation

ဗုဒ္ဓဂါယာ မှာ ဗုံးကွဲမှုတွေ ဖြစ်ပွား

နောက်ဆုံး ရေးသားချိန် 7 ဇူလိုင်လ 2013 - 14:10 GMT

ဗုဒ္ဓဂါယာ မှာ ဗုံးကွဲမှုတွေ ဖြစ်ပွား

  • အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာက မဟာဗောဓိ စေတီနဲ့ အနီး တဝိုက်မှာ တနင်္ဂနွေ မနက် ၆ နာရီ လောက်က ဗုံး ပါက်ကွဲမှု အသေးစား ၄ ခု လောက် ဆက်တိုက် ဖြစ်ပွားခဲ့ပါတယ်။ အဲဒီနောက် အနီး ဝန်းကျင်နေရာတွေမှာလည်း နောက်ထပ် ဗုံး ၅ လုံးလောက် ထပ်ပေါက်ခဲ့။
  • မဟာဗောဓိ ညောင်ပင် ရှေ့က ခြေတော်ရာ နေရာမှာလည်း ပေါက်ကွဲခဲ့။ ဗုံးတွေဟာ ချိန်ကိုက်ဗုံးတွေ ဖြစ်ပြီး တလုံးနဲ့ တလုံး ၅ မိနစ်လောက်ခြား ပြီး ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
  • ဂျပန် ဗုဒ္ဓရုပ်ပွားတော် ကြီး နားကလည်း မပေါက်သေးတဲ့ ဗုံးတလုံးကို ရှာတွေ့ခဲ့ပါတယ်။
  • ပေါက်ကွဲမှုကြောင့် မြန်မာ ဘုန်တော်ကြီး တပါး ဒဏ်ရာရလို့ ဆေးရုံတင်လိုက်ရပါတယ်။
  • တိဘက် ဘုန်းတော်ကြီး တပါးနဲ့ ဒေသခံ လူ ၅ ဦးလည်း ဒဏ်ရာ ရရှိခဲ့။
  • မပေါက်သေးတဲ့ ဗုံးတလုံးကို လုံခြုံရေးက စနက်တံဖြုတ် နေစဉ်။
  • ဘီဟား ပြည်နယ် ဝန်ကြီးချုပ် Nitish Kumar လည်း အခင်းဖြစ်တဲ့ နေရာကို ရောက်ရှိလာခဲ့ပါတယ်။
  • အခုတော့ ဗဟာဗောဓိ ကျောင်းတော် တဝိုက် လုံခြုံရေး ကို တိုးမြှင့် ချထားလိုက်ပါပြီ။

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။