သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဧပြီ ၂၄ တမိနစ် သတင်း ဗီဒီယို

24 ဧပြီ 2013 15:11 GMT နောက်ဆုံး ရေးသားသည်။

ဘင်္ဂလားဒေ့ရှ် မြို့တော် ဆင်ခြေဖုံး ဘက်မှာ ၈ လွှာ တိုက် တခု ပြိုကျ ခဲ့တဲ့ အတွက် လူပေါင်း ၁၀၀ လောက် အထိ သေဆုံး။ ရရှား နိုင်ငံမှာ ငွေအလွဲ သုံးစား လုပ်မှုနဲ့ တရားစွဲ ခံနေရတဲ့ အထင်ကရ အတိုက် အခံ တဦး ဖြစ်သူ အလက်ဇေး နဗန်နီ က သူ့အမှုကို ပလပ်ပေးဖို့ တရားသူကြီးကို တောင်းဆို။ တရုတ် နိုင်ငံမှာ လူပေါင်း ၂၀ ကျော် သေဆုံး ခဲ့ရတဲ့ ကြက်ငှက် တုပ်ကွေး မျိုးဗီဇ သစ် ဖြစ်တဲ့ H7 N9 ဗိုင်းရပ်စ်ဟာ လူ အချင်းချင်း ကူးစက်နိုင် သလားဆိုတာ ဆက်လေ့လာ။