BBC navigation

အာရှတလွှား တရုတ်နှစ်ကူးအတွက် ပြင်ကြပြီ

နောက်ဆုံး ရေးသားချိန် 8 ဖေဖေါ်ဝါရီလ 2013 - 15:14 GMT

ဗီယက်နမ်မှာ တရုတ်နှစ်ကူးအတွက် ပြင်ဆင်

  • Chinese New Year
    ဟနွိုင်မြို့လယ်က တရုတ်ဘုံကျောင်း တခုရှေ့မှာ ကံကောင်းပါစေဆိုတဲ့ နှစ်ကူး နှုတ်ခွန်းဆက်စာသားတွေ ရေးခိုင်းနေသူတွေ၊ ဗီယက်နမ်လို တက် နှစ်သစ်ကူးလို့ခေါ်တဲ့ နှစ်ကူးပွဲတော်ဟာ ဒီနှစ်မှာ ရုံး ကျောင်း ပိတ်ရက် ကိုးရက် တိတိ ရကြမှာ ဖြစ်ပါတယ်။
  • Chinese New Year
    ဟနွိုင်မြို့ သစ်တော် ပန်းခင်းတခုထဲက လယ်သမားကြီး တဦး၊ သစ်တော်ပွင့်ချိန် ဟာ နှစ်သစ်ကူးရဲ့ သင်္ကေတ တခုဖြစ်ပါတယ်။
  • Chinese New Year
    ရက်ရှည် ရုံးပိတ်ရက်တွေ မတိုင်ခင် အပြေးအလွှား စျေးဝယ်သူတွေလည်း ဝယ်။
  • Chinese New Year
    ပွဲတော်ရက်အတွင်း လာပြီး စားသောက်ကြမယ့် သူတွေ အတွက် ကြိုတင် ပြင်ဆင်နေတဲ့ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့က ဘဲကင်ဆိုင်တဆိုင်။
  • Chinese New Year
    တရုတ် မှာလည်း နှစ်ကူးကိုကြိုကြပြီ။ ဟူဘေးပြည်နယ် ဝူဟန်မြို့မှာတော့ မြို့သားတွေက နှစ်စဉ် ဟင်းပွဲပေါင်း ၈၀၀၀ ကျော်ကို ချက်ပြုတ်ပြင်ဆင်ပြီး သက်ကြီးရွယ်အိုတွေနဲ့ ဆင်းရဲသူတွေကို ဝေမျှကြွေးလေ့ရှိကြပါတယ်။ ဒီနှစ်ဟာ မြွေနှစ် ဖြစ်တဲ့ အတွက် စားပွဲထိပ်မှာ မြွေရုပ်နဲ့ ပြင်ဆင်ထားတာကိုလည်း တွေ့နိုင်ပါတယ်။
  • Chinese New Year
    ဟောင်ကောင်မှာတော့ နှစ်ကူး စားသောက်ဖွယ်ရာက ကြောက်စရာကြီးပါ၊ မြွေနှစ်မှာ မြွေစွပ်ပြုတ် ရောင်းတဲ့ ဆိုင်မှာ စားသူ ရှိပါ့မလား ဆိုပေမယ့် ရောင်းနေရတာပါပဲတဲ့။ ဒီ မြွေကတော့ အဆိပ်တော်တော် ပြင်းဆိုပဲ။
  • Chinese New Year
    တရုတ်နှစ်ကူးမှာ နဂါး နဲ့ မီးပုံးအကကတော့ မပါမဖြစ်ပေါ့၊ အခုတွေ့နေရတာကတော့ ရှန်ဟိုင်းမြို့လယ် ပန်းခြံထဲက မြွေရုပ် မီးပုံးကြီးပါ။
  • Chinese New Year
    ဖေဖေါ်ဝါရီ ၁၀ ရက်နေ့မှာ စတင်မယ့် တရုတ်နှစ်ကူး ပွဲတော်အတွက် ရှန်ဟိုင်းမြို့လယ်မှာ မီးရောင်စုံတွေ ထွန်းညှိ ပြင်ဆင်ထားတာကို တွေ့ရပါတယ်။
  • Chinese New Year
    နှစ်ကူးမှာ မိသားစုဆီ ပြန်ကြသူတွေ များပါတယ်၊ သန်းထောင်ကျော် ရှိတဲ့ တရုတ်မှာဆိုတော့ မြို့ပေါ်ကနေ ကိုယ့်ရပ်ရွာ ပြန်ကြသူကလည်း သန်းချီ ရှိပါတယ်။
  • Chinese New Year
    ရပ်ဝေးကို ပြန်ကြရသူတွေ ဆိုတော့ ဖြစ်တဲ့ နည်းနဲ့ လိုက်ကြပြီး ရတဲ့ နေရာမှာ မှေးစက်ကြရပါတယ်။ နှစ်သစ်ကူးကာလ တလကျော်အတွင်း ရထားနဲ့ ခရီးသွားကြသူပေါင်း သန်း ၂၀၀ ကျော်ရှိမယ်လို့လဲ အစိုးရက မှန်းထားပါတယ်။
  • Chinese New Year
    အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာတောင် တရုတ်နှစ်ကူး ကျင်းပသူတွေ အတွက် ပြင်ဆင်မှုတွေ ရှိပါတယ်၊ အခုမြင်နေရတာကတော့ ရောင်စုံအမွှေးတိုင်တွေ အခြောက်လှမ်းနေတဲ့ မြင်ကွင်းပါ။

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။