BBC navigation

ရန်ကုန်မှာ ဆီတင် သင်္ဘော မီးလောင်ပေါက်ကွဲ

နောက်ဆုံး ရေးသားချိန် 4 ဖေဖေါ်ဝါရီလ 2013 - 18:55 GMT

ဆီတင် သင်္ဘော မီးလောင် ပေါက်ကွဲ

  • oil tanker fire
    ဖေဖေါ်ဝါရိ ၄ ရက် ညနေက ရန်ကုန်တိုင်း လှိုင်မြို့နယ် ဆိပ်ကမ်းမှာ ဆီတင် သင်္ဘောတစင်း မီးလောင်ပြီး ပေါက်ကွဲမှု ဖြစ်ခဲ့။
  • oil tanker fire
    မီးက ကမ်းနားမှာ ကပ်ထားတဲ့ တခြား သင်္ဘောတွေကိုပါ ကူးစက်လောင်ကျွမ်းခဲ့။
  • oil tanker fire
    မီးလောင်ပေါက်ကွဲမှု ဖြစ်စဉ်မှာ အနဲဆုံး လူ လေးဦး သေဆုံးခဲ့တယ်လို့ မီးသတ်ဖက်က ပြောပါတယ်။
  • oil tanker fire
    ဆိပ်ခံတံတားကိုပါ မီးလောင်ခဲ့လို့ မီးသတ်တွေ ကြိုးကြိုးစားစား ငြိမ်းသတ်နေရ။
  • oil tanker fire
    မီးလောင်ပြီးတဲ့နောက်မှာ သင်္ဘော ရေထဲ နစ်မြုပ်သွားခဲ့ပါတယ်။
  • oil tanker fire
    ဘာကြောင့်၊ ဘယ်လိုက အစပြုပြီး မီးလောင်ခဲ့တယ်ဆိုတာကိုတော့ စုံစမ်းဆဲလို့ မီးသတ်အရာရှိတွေက ဆိုပါတယ်။
  • oil tanker fire
    မီးလောင်မှုကို ဆိပ်ကမ်းက လူတွေလဲ အများအပြားလာကြည့်ခဲ့ကြ။
  • oil tanker fire
    ဆိပ်ကမ်းမှာ ပုံထားတဲ့ သစ်လုံးတွေကိုလည်း မီးကူးစက်ခဲ့လို့
  • oil tanker fire
    အနားရပ်ကွက်နေ ပြည်သူတွေကပါ ဝိုင်းကူ ငြိမ်းသတ်နေခဲ့ကြရပုံပါ။
  • oil tanker fire
    ရန်ကုန်တိုင်း မီးသတ်တပ်ဖွဲ့က မီးသတ်ကား စင်းရေ ၄၀ ကျော်လာရောက် ပြီး ငြိမ်းသတ်ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။