BBC navigation

ကချင်ကို အပြုတ်တိုက်လို့ ပြည်တွင်းစစ်မီးငြိမ်းနိုင်မလား

နောက်ဆုံး ရေးသားချိန် 30 ဇန်နဝါရီလ 2013 - 17:52 GMT

မီဒီယာ ပလေးယား

နားဆင်နိုင်ပါပြီ

နားထောင်ရနmp3

ဒီမီဒီယာကို ဖွင့်၍မရပါ

တခြား Media Player ဖြင့် ဖွင့်ပါ

ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲတွေ ပြန်စနိုင်ရေး အများ လေးစား ယုံကြည်တဲ့ တတိယအုပ်စုက ကြားဝင် ညှိနှိုင်းပေးဖို့ အမျိုးသားလွှတ်တော်မှာ မဲခွဲခဲ့ အတည်ပြုခဲ့ပေမဲ့ ကချင်ကို အပြုတ်တိုက်ဖို့ အတွက် ပြင်းပြင်းထန်ထန် ပြောဆိုဆွေးနွေးခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

ကေအိုင်အေကို ရွှေလက်နဲ့ ခေါ်လို့မလာရင် ကျည်ဆံသာ ပေးဖို့ကောင်းတယ်လို့ လွှတ်တော်အမတ်တဦးက ပြောခဲ့ပါတယ်။

စားပွဲဝိုင်းထိုင် ဆွေးနွေးဖို့ညှိမရရင် အပြုတ်တိုက်ရမယ်ဆိုတဲ့ အယူအဆနဲ့ ပြည်တွင်းစစ်မီးကို ငြိမ်းနိုင်မယ်လို့ သောတရှင်တွေ ယူဆကြပါသလား၊

ဇန်နဝါရီလ ၃၀ရက် ဗုဒ္ဓဟူးနေ့ည လွတ်လပ်အတွေး ဆွေးနွေးဖလှယ်အစီအစဉ်မှာ အမြင်သဘောထားတွေကို သောတရှင်တွေ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

သောတရှင်တွေနဲ့အတူ ဆွေးနွေးဖို့ အဲဒီလို ပြောခဲ့တဲ့ မကွေးတိုင်း မဲဆန္ဒနယ် အမှတ် ၁၂ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ ပါဝင်ဆွေးနွေးထားတာကို နားဆင်နိုင်ကြပါတယ်။

ဒီအစီအစဉ်ကို နားထောင်ပြီး တခုခုပြောချင်ရင် ဘီဘီစီ ကို အီမေးနဲ့ဖြစ်စေ တယ်လီဖုန်းနဲ့ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။

အီမေးနဲ့ဆက်သွယ်ရင်burmese@bbc.co.uk ဆိုတဲ့ အီးမေး ကိုဆက်သွယ်နိုင်သလို ၊ တယ်လီဖုန်းနဲ့ ဆိုရင် 004420361 44064 ဆိုတဲ့ ဖုန်းနံပါတ်ကို ဆက်သွယ် နိုင်ပါတယ်။

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။