BBC navigation

ဒေါက်တာဆိတ်ဖွားကို လွှတ်တော်ကြီးကနေ အရေးယူ သင့်သလား

နောက်ဆုံး ရေးသားချိန် 23 ဇန်နဝါရီလ 2013 - 15:43 GMT

မီဒီယာ ပလေးယား

နားဆင်နိုင်ပါတယ်။

နားထောင်ရနmp3

ဒီမီဒီယာကို ဖွင့်၍မရပါ

တခြား Media Player ဖြင့် ဖွင့်ပါ

ဒေါက်တာဆိတ်ဖွားရဲ့ ဥပဒေအထက်မှာ လွှတ်တော်ရှိနေသလားဆိုတဲ့ အင်တာနက်ဆောင်းပါးနဲ့ပတ်သက်လို့ ပြည်ထောင်စုလွှတ်တော်က ကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေးအရေးယူဖို့ အတည်ပြုခဲ့ပါတယ်။

ဒီလို အင်တာနက်မှာ ရေးသားချက်အပေါ် နိုင်ငံတနိုင်ငံရဲ့ အဓိက ဥပဒေပြု မဏ္ဍိုင်ကြီးဖြစ်တဲ့ လွှတ်တော်က ကော်မရှင်ဖွဲ့ အရေးယူဖို့ အထိ လုပ်ဖို့ မလိုအပ်ဘူးလို့ တချို့က ယူဆကြပါတယ်။

သောတရှင်တို့ကကော ဘယ်လိုထင် ပါသလဲ။

သောတရှင်တို့ရဲ့ အမြင်သဘောထားတွေကို ဇန်နဝါရီလ ၂၃ ရက် ဗုဒ္ဓဟူးနေ့ည လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ်မှာ ဆွေးနွေးကြခဲ့ကြရာမှာ

သောတရှင်တွေနဲ့အတူ သီပေါမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးရဲထွန်း နဲ့ ရေဖြူမြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးဝင်းဦးတို့ ဆွေးနွေးထားတာကို နားဆင်နိုင်ကြပါတယ်။

နားထောင်ပြီး သောတရှင်တို့ တခုခုပြောလိုရင် ဘီဘီစီ ကို အီမေးနဲ့ဖြစ်စေ တယ်လီဖုန်းနဲ့ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။

အီမေးနဲ့ဆက်သွယ်ရင်burmese@bbc.co.uk ဆိုတဲ့ အီးမေး ကိုဆက်သွယ်နိုင်သလို ၊ တယ်လီဖုန်းနဲ့ ဆိုရင် 004420361 44064 ဆိုတဲ့ ဖုန်းနံပါတ်ကို ဆက်သွယ် နိုင်ပါတယ်။

သောတရှင်တို့ ပြောလိုတာ တွေကို အသံသွင်း ထားခဲ့ပြီး ပြန်လည် ခေါ်ယူနိုင်မယ့် ဖုန်းနံပတ် ပါပေးထားခဲ့ရင် ဘီဘီစီက ပြန်ပြီး ဆက်သွယ်ပါမယ်။

အီမေးနဲ့ပေးပို့ဆွေးနွေးသူများ။

စစ်အာဏာရှင်တွေကို ကြီးကြီးမားမားမထိခိုက်တဲ့ မတရားဥပဒေ အစိတ်အပိုင်းလေးများကို အချို့သောလွှတ်တော်အမတ်များ၏ ဆန္ဒနဲ့အညီလိုက်လျောရခြင်းကို နဂိုက ၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ယုံကြည်ကိုးကွယ်နေတဲ့ ဆိတ်ဖွားရဲ့အမြင်နဲ့ရေးတဲ့ဆောင်းပါးကို ဂရုစိုက်စရာလိုမည် မထင်ပါ၊
လက်ရှိအခြေအနေအရ ဥပဒေအထက်မှာ စစ်အာဏာရှင်ရော လွှတ်တော်ရော ရှိနေခြင်းမှာ လုံး၀မဖြစ်ထိုက်ပါသဖြင့် ၂၀၀၈ ဖွဲ့စည်းပုံကို လွှတ်တော်တွင်းရော လွှတ်တော်ပကပါ ဝိုင်းင်း၀န်းဖျက် သိမ်းကြပြီး ဖွဲ့စည်းပုံအသစ်ရေးဆွဲဖို့ရန်သာလိုအပ်ပါကြောင်း။ ။
ဦးနေ၀င်း ပဲခူးတိုင်း၊

အင်တာနက်မှာ ရေးတာကို လွှတ်တော်က စုံစမ်းဖို့ ကော်မတီ ဖွဲ့ရတယ်ဆိုတာ သာမန်အားဖြင့်တော့ သိပ်မသင့်တော်လှပါဘူး။
ဒါပေမဲ့ ဒေါက်တာဆိတ်ဖွားဆိုသူကလည်း အင်တာနက်မှာ မှောင်ထဲက ခဲနဲ့ပစ်နေတာ ကြာသွားပါပြီ။ ပြီးတော့ ရေးတာတွေကို ဖတ်ကြည့်ရင်
သူဟာ သာမန်လူတစ်ယောက်မဟုတ်ပဲ ပညာတတ် စာရေးဆရာတစ်ဦးဆိုတာ သိသာပါတယ်။ အစိုးရကို လိုလားတဲ့ ၀ဘ်ဆိုဒ်များ အထူးသဖြင့်
ဒီမိုကရေစီ ဘက်တော်သားတွေကို တစ်ဖက်သား တိုက်ခိုက်တဲ့ ၀ဘ်ဆိုက်များမှာ တက်တက်ကြွကြွရေးနေသူ တစ်ဦး ဖြစ်ပါတယ်။ ပြီးတော့
ခိုင်းလို့လုပ်ရတာမျိုး မဟုတ်ပဲ ကြိုးစားပမ်းစား ပညာသားပါပါ ရေးလေ့ရှိသူပါ။ သူ့ဆရာများက သူ့ကို ဘယ်လို အကာအကွယ်ပေးမယ်
ဆိုတာကလည်း အလွန်စိတ်၀င်စားဖို့ ကောင်းလှပါတယ်။
လုလင်ထွေး

ခုလို၊ အရေးမစိုက်သင့်တာတွေကို၊ လုပ်ရင်းနဲ့ပဲ၊ တိုင်းပြည်အတွက်၊ တန်ဘိုးဖြစ်သင့်တဲ့၊ အချိန်တွေကုန်၊ လူထုအတွက်တာ၀န်ပိုစေမဲ့ ငွေတွေကုန် ဖြစ်နေတယ်လို့ပဲ၊ ဆိုပါရစေ။

ပိုဆိုးတာက၊ ခုနကပြောခဲ့သလို၊ ၂၀၀၈ဖွဲ့စည်းပုံအရ၊ တပ်မတော်လူမျိုးစုတစုပေါ်လာသလိုရှိနေရတဲ့အထဲ၊ " လွှတ်တော်အထက်မှာ မိုးနတ်မင်းကြီးပဲရှိတယ်" ဆိုတဲ့၊ အတွေးအခေါ်တွေနဲ့၊ လွှတ်တော်ထဲမှာ၊
အကျိုးမရှိတာတွေအတွက်၊ ရေများရေနိုင် မီးများမီးနိုင် ၊ ပြောကြဆိုကြ၊ လုပ်ကြကိုင်ကြရင်း၊ လွှတ်တော်လူမျိုးစုတစု၊ တိုင်းပြည်မှာ၊ အလဟဿ၊ ထပ်ပေါ်လာနိုင်မယ့် ရေး၊ စဉ်းစားမိပြီး၊ သည်နေ့လွှတ်တော်ကို၊တွေးကြောက်နေမိပါတယ်။

Street Talks

ဒေါက်တာဆိတ်ဖွားဆိုတာသူတို့ အချင်းချင်း အာဏော၀ခွဲရေးတွေမှာအဆင်မပြေတော့ ဖွတာပဲဖြစ်ပါတယ်
ဒါကို ရှာဖွေဖော်ထုတ်အရေးယူမယ်ဆိုတာတော့ ဆင်ခြင်တုံတရား မရှိတာလား။ တကယ်ပဲမသိသေးတာလားဆိုတာ အံ့သြစရာပါ
ကိုယ့် ပေါင်ကိုယ်လှန်ထောင်းမယ့် ဆရာတွေကို စောင်ကြည့်ကြပါစို့

အောင်နိုင်

ဒေါက်တာဆိတ်ဖွားဆောင်းပါးမှာ အရေးတကြီးအဆိုတင်ရလောက်အောင် အသုံးအနှုန်းလည်း မတွေ့ရပါဘူး၊ ဒေါသထွက်မယ်ဆိုရင် ထွက်နိုင်ပါတယ်၊

လွှတ်တော်က လွတ်လပ်စွာ ပြောဆိုခွင့်ကို နားလည်သင့်ပါတယ်။ဒီလို ဝေဖန်တိုင်း ကော်မရှင်ဖွဲ့ စစ်ရင် ဒီမိုကရေစီကို သွားနေတဲ့ လွှတ်တော်ဆိုတာ ဘယ်မှာလဲ။

ကိုစစ်မော် အမေရိကန်ပြည်ထောင်စု

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။