BBC navigation

National Geographic ရဲ့ သမိုင်းဝင်မှတ်တမ်း ဓာတ်ပုံတွေ

နောက်ဆုံး ရေးသားချိန် 16 ဇန်နဝါရီလ 2013 - 10:41 GMT

National Geographic ရဲ့ မှတ်တမ်းဝင် ဓာတ်ပုံများ

  • National Geographic
    အီဂျစ်နိုင်ငံ ဂီဇာဒေသက ပိရမစ်ကြီးတွေကို ကုလားအုတ်တွေရဲ့ နောက်ခံမှာ တွေ့ရစဉ်
  • National Geographic
    ၁၉၀၉ ခုနှစ်မှာ National Geographic ရဲ့ အစီအစဉ်နဲ့ မြောက်ဝင်ရိုးစွန်းဒေသမှာ ရေအောက် ဓာတ်ပုံတွေကို ရိုက်ကူးခဲ့သူ Robert E Peary.
  • National Geographic
    ၁၉၀၉ ခုနှစ်မှာ အလပ်စကာ ရေခဲပြင်မှာ ဖလင်တွေကို ဆေးကြောနေတဲ့ ဓာတ်ပုံဆရာ Oscar D Von Engeln၊ ပင်လယ်ပြင်က ခဲ သွားတဲ့ ဆားငံရေတွေအကြောင်း National Geographic ရဲ့ အစီအစဉ်နဲ့ လေ့လာခဲ့စဉ်က။
  • National Geographic
    နာမည်ကျော် ဓာတ်ပုံ သတင်းထောက် Maynard Owen Williams အာဖဂန်နစ္စတန် နိုင်ငံ ဟာရက်မြို့က စျေးထဲမှာ ဒီ ပုံကို ရိုက်ခဲ့တုန်းက ပုံထဲက လူတယောက်မှ မျက်တောင်မခတ်ပဲ သူ့ကို စိုက်ကြည့်နေခဲ့ပုံကိုလည်း မှတ်တမ်းတင် ခဲ့ပါတယ်။
  • National Geographic
    ၁၉၃၈ ခုနှစ်မှာ အမေရိကန် မနုဿဗေဒပညာရှင် Mathew Stirling နဲ့ အဖွဲ့ မက္ကဆီကိုကို သွားပြီး လေ့လာခဲ့စဉ်က အခုတွေ့ရတဲ့ ဧရာမ ဦးခေါင်းပုံ ကျော်ရုပ်တုကြီးတွေကို တူးဖော်တွေ့ရှိခဲ့ပြီး နှစ်ပေါင်း ၁၅၀၀ ကျော်တိမ်မြုပ်နေတဲ့ အိုလ်မက်ယဉ်ကျေးမှု သမိုင်း အစကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။
  • National Geographic
    တန်ဇန်နီးယားနိုင်ငံ ဘေးမဲ့တောထဲမှာ ပရိုင်းမိတ်မျိုးရင်း သုတေသန ပညာရှင် Jane Goodall နဲ့ ချင်ပန်ဇီးကလေးတို့ရဲ့ သံယောဇဉ်။
  • National Geographic
    နီပေါက ဧဝရက်တောင်ထိပ်ကို အမေရိကန် တောင်တက်သမားတွေ ပထမဆုံး အောင်အောင်မြင်မြင် တက်နိုင်ခဲ့စဉ်က မှတ်တမ်း ဓာတ်ပုံကိုတော့ Barry Bishop က ရိုက်ယူထားနိုင်ခဲ့ပါတယ်။
  • National Geographic
    ၁၉၈၄ မှာ National Geographic ဓာတ်ပုံဆရာ ဆိုဗီယက်ကို သွားပြီး မော်စကို ရင်ပြင်နီမှာ မေဒေးနေ့ အခမ်းအနား ကျင်းပပုံကို မှတ်တမ်းတင်ခဲ့။
  • National Geographic
    National Geographic ရဲ့ အထင်ရှားဆုံး ဓာတ်ပုံတပုံကတော့ ၁၉၆၉ ခုနှစ်မှာ Buzz Aldrin လပေါ်မှာ လမ်းလျှောက်နေတဲ့ ပုံပါ၊ သူ့ မျက်နှာအကာမှာလည်း အဖော် အာကာသယာဉ်မှူး Neil Armstrong ရဲ့ အရိပ်ထင်နေတာ တွေ့နိုင်ပါတယ်။
  • National Geographic
    National Geographic ဓာတ်ပုံဆရာ Emory Kristof ၁၉၉၁ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ ရေအောက်မှာ နစ်နေတဲ့ တိုင်တန်းနစ်သင်္ဘောကြီးရဲ့ ပုံကလည်း အဲဒီခေတ်မှာတော့ ရှေ့ပြေး အဝေးထိန်းကင်မရာကို မီးပေးပြီး ရိုက်တဲ့ သုံးဖက်မြင် ဓာတ်ပုံပညာတွေ သုံးပြီး ရိုက်ကူးထားတဲ့ ပုံဖြစ်ပါတယ်။
  • National Geographic
    ဆင်ထားတဲ့ ကင်မရာရှေ့ကို ဖြတ်ဝင်လာပြီး ကိုယ့်ပုံကို ကိုယ် ဓာတ်ပုံရိုက်ယူလိုက်တဲ့ အိန္ဒိယက ကျားမတကောင်။
  • National Geographic
    ယူဂန်ဒါနိုင်ငံ အဲလစ်ဇဘက်ဘရင်မ တောထဲက သစ်ပင်တပင်ပေါ်မှာ ညအိပ်ဖို့ တက်နေတဲ့ ခြင်္သေ့တကောင်။ (ဓာတ်ပုံအားလုံးကို www.nationalgeographic.com/125 မှ ရပါသည်)

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။