BBC navigation

ကမ္ဘာတလွှား နှစ်သစ်ကို ကြိုကြပုံတွေ

နောက်ဆုံး ရေးသားချိန် 1 ဇန်နဝါရီလ 2013 - 17:36 GMT

နှစ်သစ်ကို ကြိုကြပုံများ

  • New Year Celebrations
    လန်ဒန်မြို့လယ်က ဘစ်ဘင် နာရီစင်ကြီးတဝိုက် သိမ်းမြစ် ကမ်းနဖူးမှာတော့ ညသန်းကောင်ယံ အချိန်မှာ လှပ ဆန်းကြယ်လှတဲ့ မီးရှုးရောင်စုံတွေကို ၁၁ မိနစ်ကြာ ပစ်ဖောက်ပြီး ကြိုဆိုခဲ့ပါတယ်။
  • New Year Celebrations
    စကော့တလန်က အီဒင်ဘာရာမြို့မှာလည်း အခုလို ၂၀၁၃ ခုနှစ်ကို မီးပန်းနဲ့ သရုပ်ဖော်ကြိုဆို။
  • New Year Celebrations
    ဥရောပမှာ အစောဆုံး နှစ်သစ်ကို ကြိုရတဲ့ ရုရှားက မော်စကိုမြို့လယ် စိန့်ဘာစီးလ် ဘုရားကျောင်းကြီးအနားက နှစ်သစ်ကူး မီးပန်းတွေ။
  • New Year Celebrations
    နှစ်သစ်ကို ကြိုဆိုကြတဲ့ မီးပန်းရောင်စုံတွေ အကြား လှပနေတဲ့ အမေရိကားက အထပ်မြင့် အဆောက်အဦတွေ။
  • New Year Celebrations
    အစောဆုံး နှစ်သစ်ကို ကြိုရတဲ့ နိုင်ငံတခု ဖြစ်လို့ အရင်ဆုံး မီးပန်းအလှတွေ ပြခွင့်ရတဲ့ သြစတြေလျ ဆိပ်ကမ်းက မီးပန်းရောင်စုံ။
  • New Year Celebrations
    အစောဆုံး နှစ်သစ်ကူးတဲ့ နိုင်ငံတွေအထဲ တခု အပါအဝင်ဖြစ်တဲ့ သြစတြေးလျမှာ တော့ ဆစ်ဒနီမြို့က နာမည်ကျော် Opera House နဲ့ မီးပန်းရောင်စုံအလှ။
  • New Year Celebrations
    ဟောင်ကောင် ကမ်းနားမှာတော့ လေဆာရောင်စုံ မီးတိုင်တွေနဲ့ ၂၀၁၂ ကို နှုတ်ဆက်နေ။
  • New Year Celebrations
    ဟောင်ကောင်က ဝိတိုရီးယား ဆိပ်ကမ်းတလျှောက် နှစ်သစ်ကူးကြို မီးပန်းအလှ။
  • New Year Celebrations
    မြန်မာနိုင်ငံမှာလည်း နှစ်ပေါင်းများစွာ အတွင်း ပထမဆုံး ပြည်သူတွေစုဝေးလို့ နှစ်သစ်ကို ကြိုခွင့်ရခဲ့ကြ။
  • New Year Celebrations
    တောင်ကိုရီးယားက နယ်စပ် ပမ်မွန်ဂျွန်ရွာလေးနားမှာတော့ ရိုးရာစည်တွေ တီးလို့ နှစ်ဟောင်းကို နှုတ်ဆက်၊ နှစ်သစ်ကို ကြိုဆိုခဲ့။

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။