BBC navigation

မိုဘီဂျီနိုနဲ့ ရွှန်းလဲ့

နောက်ဆုံး ရေးသားချိန် 11 ဒီဇင်ဘာလ 2012 - 17:34 GMT

မိုဘီဂျီနို အစီအစဉ်ကနေ ကြိုဆိုပါတယ်။

Shunn Lei Swe Yee

ရွှန်းလဲ့ဆွေရည်

ဒီတစ်ပတ်မှာတော့ ယူကေနိုင်ငံ လန်ဒန်မြို့မှာ နိုဝင်ဘာ ၂၅ ရက်နေ့ကနေ ဒီဇင်ဘာ ၁ ရက်နေ့အထိ ကျင်းပခဲ့တဲ့ Global Youth Summit ကမ္ဘာ့ လူငယ်ညီလာခံကို တက်ရောက်ခဲ့တဲ့ မြန်မာလူငယ် တစ်ဦးနဲ့ တွေ့ဆုံ မေးမြန်းထားတာကို တင်ဆက် ပေးထားပါတယ်။

ဒီညီလာခံကို နိုင်ငံပေါင်း ၁၀၀ ကျော်မှာ ရှိတဲ့ အသက် ၁၆ နှစ်ကနေ ၂၁ နှစ်အထိ လူငယ်တွေ ၊ အထူးသဖြင့် တက်ကြွလှုပ်ရှားသူ လူငယ်တွေ တက်ရောက်ကြတာ ဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ Pandita Development Institute ပဏ္ဍိတ ဖွံ့ဖြိုးရေးအဖွဲ့က အသက် ၂၁ နှစ်အရွယ် ရွှန်းလဲ့ ဆွေရည်လည်း ဒီညီလာခံကို တက်ရောက်ခဲ့ပါတယ်။

လူငယ်ညီလာခံအတွင်းမှာ ဘာတွေ ဆွေးနွေး လုပ်ဆောင်ရလဲ၊ တခြား နိုင်ငံက ကမ္ဘာ့လူငယ်တွေနဲ့ ဘယ်လို အမြင်ချင်း ဖလှယ်ကြသလဲ၊ မြန်မာလူငယ်တွေအတွက် အဓိက စိန်ခေါ်မှုတွေက ဘာတွေလဲ စတာတွေကို ဆွေးနွေး မေးမြန်းထားပါတယ်။

အင်တာဗျူး အစီအစဉ်ကို နားဆင်ရန်

ရွှန်းလဲ့ဆွေရည်

ရွှန်းလဲ့ဆွေရည်

နားထောင်ရနmp3

ဒီမီဒီယာကို ဖွင့်၍မရပါ

တခြား Media Player ဖြင့် ဖွင့်ပါ

မိုဘီ ဂျီနို

မိုဘီ ဂျီနို အစီအစဉ်ဟာ ဒီနေ့ခတ်ရဲ့ ရှင်သန်ရွေ့လျားနေတဲ့ မျိုးဆက် Mobile Generation (Mobi - Geno) အတွက် ရည်ရွယ်ပြီး ဒီမျိုးဆက်ထဲက လူငယ် လူရွယ်တွေ စိတ်ဝင်စားမယ့် အကြောင်း အရာတွေ တင်ဆက်ပေးနေပါတယ်။

ဒီကဏ္ဍနဲ့ ပတ် သက်ပြီး ဝေဖန်အကြုံပြုလိုရင်ဖြစ်ဖြစ်၊ကိုယ့်ရဲ့ အတွေ့အကြုံတွေ၊ အနာဂတ်အိပ်မက်တွေကို ဝေမျှပြောပြချင် လို့ပဲဖြစ်ဖြစ် ဆက်သွယ်နိုင်ကြပါတယ်။

အီးမေးလ်နဲ့ဆိုရင် burmese@bbc.co.uk ဆီကို ဆက်သွယ်နိုင်သလို စာတိုက်ကဆိုရင်တော့ စာတိုက်သတ္တာ အမှတ် ၉၉၇ ကမ်းနားလမ်း၊ ရန်ကုန်မြို့ဆီကို ရေးသားပေးပို့နိုင်ကြပါတယ်။

ဒီအစီအစဉ်ကို နှစ်ပတ်တကြိမ် တနင်္လာနေ့ညတိုင်း ဘီဘီစီ ရေဒီယို အသံလွှင့်အစီအစဉ်တွေမှာ နားဆင်နိုင်ပြီး သောကြာနေ့ မနက်ခင်းမှာတော့ ထပ်မံ ထုတ်လွှင့်ပေးပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။