BBC navigation

သမ္မတ အိုဘားမား မြန်မာခရီးစဉ် သတင်းဗီဒီယို

နောက်ဆုံး ရေးသားချိန် 21 နိုဝင်ဘာလ 2012 - 16:40 GMT

မီဒီယာ ပလေးယား

အမေရိကန် သမ္မတ တစ်ယောက်ရဲ့ သမိုင်းဝင် ပထမဆုံး မြန်မာ နိုင်ငံ ခရီးစဉ် အဖြစ် သမ္မတ အိုဘားမား မြန်မာ နိုင်ငံကို ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့က ရောက်ရှိ လာခဲ့ ပါတယ်။ တနေ့တာ အချိန်တို ခရီးစဉ် အတွင်းသမ္မတ ဘားရက် အိုဘားမားက သမ္မတ ဦးသိန်းစိန် နဲ့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အဆောက် အဦမှာ တွေ့ဆုံ ခဲ့ပြီး၊ ဒေါ်အောင်ဆန်း စုကြည်ကိုတော့ သူ့နေအိမ်မှာ သွားရောက် တွေ့ဆုံ ဆွေးနွေးခဲ့ ပါတယ်။ အဲဒီနောက် အစဉ် အလာ ကြီးမားတဲ့ ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်း သဘင် ခန်းမမှာ သမ္မတ အိုဘားမား မြန်မာ ပြည်သူတွေကို မိန့်ခွန်း ပြောကြားခဲ့ကာ ညနေ ၃ နာရီ ခွဲလောက် အချိန်မှာတော့ မြန်မာ နိုင်ငံကနေ ပြန်လည် ထွက်ခွာ သွားခဲ့ပါတယ်။

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။