BBC navigation

အိန္ဒိယရောက် ဒေါ်အောင်ဆန်းစုကြည်

နောက်ဆုံး ရေးသားချိန် 14 နိုဝင်ဘာလ 2012 - 13:29 GMT

အိန္ဒိယရောက် ဒေါ်စု

  • နိုင်ဝင်ဘာ ၁၅ ရက်နေ့မှာ အိန္ဒိယရဲ့ loksabha လို့ခေါ်တဲ့ အောက်လွှတ်တော် မြန်မာ အခေါ် ပြည်သူ့လွှတ်တော်ကို သွားရောက် လေ့လာရာမှာ၊ အောက်လွှတ်တော် ဥက္ကဌ မစ္စစ် မီရာကုမားနဲ့ တွေ့ဆုံခဲ့ပါတယ်။
  • အိန္ဒိယ မြန်မာ ဆက်ဆံရေးနဲ့ ၂ နိုင်ငံ ချုပ်ဆို ထားတဲ့ စာချုပ်တွေ အကြောင်း ပြောပြီး နှစ်ဘက် အမြင်တွေ ဖလှယ်ခဲ့ကြ။
  • လွှတ်တော် ခြံဝင်းထဲမှာ အမှတ်တရ သစ်ပင် စိုက်ပျိုးပေးခဲ့ပါတယ်။
  • အိန္ဒိယနိုင်ငံ လွတ်လပ်ရေး ခေါင်းဆောင်ကြီး မဟတ္တမ ဂန္ဒီရဲ့ ဂူဗိမာန်မှာ လွမ်းသူ့ ပန်းခွေချပြီး...
  • ပန်းတွေ ကြဲကာ...
  • အခုလို ဂုဏ်ပြု ခဲ့ပါတယ်။
  • မဟတ္တမဂန္ဒီ ဂူဗိမာန်မှာ အမှတ်တရ။
  • အိန္ဒိယနိုင်ငံ ပထမဦးဆုံး ဝန်ကြီးချုပ် ဂျဝါဟာလာ နေရူး အတွက်လည်း လွမ်းသူ့ ပန်းခွေချခဲ့။ (ဒီကနေ့ဟာ ဝန်ကြီးချုပ် ဂျဝါဟာလာ နေရူးရဲ့ ၁၂၃ နှစ် ပြည့် အမှတ်တရ ဖြစ်ပါတယ်)
  • နိုဝင်ဘာ ၁၄ ရက်နေ့မှာပဲ အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန် ဆင်းက ဒေါ်အောင်ဆန်းစုကြည်ကို လက်ခံ တွေ့ဆုံ။
  • နိုဝင်ဘာ ၁၄ ရက်နေ့မှာ မဟတ္တမ ဂန္ဒီ အမှတ်တရ ပြတိုက်ကို အလည် အပတ် သွားရောက်ခဲ့ရာ...
  • ပြတိုက်ကော်မတီ အတွင်းရေးမှူး က ဂန္ဒီကြီးရဲ့ ကိုယ်တပိုင်း ရုပ်ထုကို ဒေါ်အောင်ဆန်းစုကြည်အား အမှတ်တရ ပေးအပ်။
  • ဒေါ်အောင်ဆန်းစုကြည် ကျမ္မာ ပါစေကြောင်း သူတို့က ဆုတောင်းပေးခဲ့ကြ။
  • ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယရောက် မြန်မာ မိသားစုတွေနဲ့ တိုင်းရင်းသူတွေ လာရောက် ကြိုဆို။
  • နိုဝင်ဘာ ၁၃ အင်္ဂါနေ့မှာတော့ အိန္ဒိယနိုင်ငံ အန္ဒီယာ ဂန္ဒီ နိုင်ငံတကာ လေဆိပ်ကို ရောက်ရှိ လာရာ၊ အိန္ဒယနိုင်ငံခြားရေး ဝန်ကြီး Ranjan Mathai လာရောက်ကြိုဆို။
  • နိုဝင်ဘာ ၁၂ တနင်္လာနေ့က ရန်ကုန်က နေစတင် ထွက်ခွာ။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။