BBC navigation

မိုဘီဂျီနိုနဲ့ ချစ်စမ်းမောင်

နောက်ဆုံး ရေးသားချိန် 10 စက်တင်ဘာလ 2012 - 14:17 GMT

မိုဘီ ဂျီနို အစီအစဉ်ကနေ ကြိုဆိုပါတယ်။

မြန်မာပြည်က အတော်ဆုံး ဂစ်တာသမားလို့ ဆိုကြတဲ့ ချစ်စမ်းမောင်ဟာ Iron Cross တေးဂီတ အဖွဲ့က ဂစ်တာသမားပါ။ လိဒ် ဂစ်တာ နဲ့ အကုစတစ် ဂစ်တာကို အထူးပြုပြီး တီးခတ်ပါတယ်။

စင်ပေါ်မှာ အဆိုတော်တွေရဲ့ သီချင်းတွေ တီးခတ်ပေးတဲ့အပြင် ဂစ်တာ ပက်လက်လှန် တီးတာ၊ ဂီတာကို ဂုတ်ပေါ်တင်ပြီး နောက်ပြန်တီးတာ၊ ဂီတကြိုးကို သွားနဲ့ခြစ်ပြီး တီးတာ စသည်ဖြင့် မျိုးစုံလုပ်ပြီး လက်စွမ်းပြ တီးခတ်လေ့ ရှိပါတယ်။

အနောက်တိုင်း သံစဉ်တွေအပြင် မန်းတောင်ရိပ်ခိုလို မြန်မာ့ရိုးရာ ဂီတသံတွေကိုပါ လိဒ်ဂစ်တာနဲ့ တီးပြလေ့ ရှိပါတယ်။

ဂစ်တာမှာတော့ သူဟာ ဘုရင်တစ်ဆူလို့ ပြောကြသလို သူကိုယ်တိုင်လည်း ခြောက်ကြိုးကဝေ နာမည်နဲ့ ဂီတလက်စွမ်းပြ သီချင်းခွေတခု ထွက်ခဲ့ဖူးပါတယ်။

ကိုချစ်စမ်းမောင် ပြောပြတဲ့ သူ့ရဲ့ ဖန်တီးမှုတွေအကြောင်း မိုဘီ ဂျီနို အစီအစဉ်မှာ ကိုမိုးမြင့်က မေးမြန်း တင်ဆက် ထားတာကို နားဆင် နိုင်ပါတယ်။

မိုဘီဂျီနိုနဲ့ ချစ်စမ်းမောင်

ခြောက်ကြိုးကဝေ ဆရာချစ်

နားထောင်ရနmp3

ဒီမီဒီယာကို ဖွင့်၍မရပါ

တခြား Media Player ဖြင့် ဖွင့်ပါ

ဒုတိယပိုင်း အစီအစဉ်မှာတော့ ကိုချစ်စမ်းမောင်ပြောပြတဲ့ သူ့ဘဝမှာ နောက်ထပ် ဖန်တီးချင်တဲ့ ဂီတတချို့အကြောင်းနဲ့ လူငယ်မျိုးဆက်သစ်တွေအပေါ် ထားတဲ့ သူ့ရဲ့ မျှော်လင့်ချက် စိတ်ကူးတွေကိုလည်း နားဆင်ရဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။