BBC navigation

မိုဘီဂျီနိုနဲ့ နော်ဝေလူငယ်

နောက်ဆုံး ရေးသားချိန် 27 ဇွန်လ 2012 - 17:11 GMT
ASSK World Freedom Fund

ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ထူးဆောင် ဥက္ကဌအဖြစ် လက်ခံကြောင်း လက်မှတ်ထိုး အတည်ပြုပေး

ဇွန်လလယ်က နော်ဝေးနိုင်ငံ အော်စလို မြို့ကို မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိစဉ်မှာပဲ ဒေါ်အောင်ဆန်းစုကြည် နာမည်နဲ့ ရံပုံငွေ အဖွဲ့တစ်ခု တည်ထောင်ခဲ့ပါတယ်။

နာမည်ကတော့ Aung San Suu Kyi World Freedom Fund လို့ နာမည်ပေးထားပြီး နော်ဝေးအခြေစိုက် NGO တစ်ခု ဖြစ်တဲ့ Partnership For Change အဖွဲ့၊ နော်ဝေး မီဒီယာအဖွဲ့ကြီးတစ်ခုဖြစ်တဲ့ HippieMedia ၊ နော်ဝေး ဝန်ကြီးချုပ်ဟောင်း မစ္စတာ ဘိုနဗစ်နဲ့ နော်ဝေးရာက် မြန်မာအသိုင်းအဝိုင်းတို့ ပါဝင်ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီရံပုံငွေအဖွဲ့ရဲ့ ဂုဏ်ထူးဆောင် ဥက္ကဌအဖြစ် တာဝန်ပေးအပ်တာကို လက်ခံတဲ့အကြောင်း ဇွန်လ ၁၆ ရက်နေ့က အော်စလိုမြို့မှာ လက်မှတ်ထိုး အတည်ပြုပေးခဲ့ပါတယ်။

ရံပုံငွေအဖွဲ့မှာ လောလောဆယ် အမေရိကန် ဒေါ်လာ ၁ သန်းနဲ့ မတည်ထားပါတယ်။

ASSK World Freedom Fund

ယွန်းနာ့စ်နဲ့ နော်ဝေး ဝန်ကြီးချုပ်ဟောင်း မစ္စတာ ဘိုနဗစ်

ဒီရံပုံငွေ အဖွဲ့ကို ဖွဲ့ဖြစ်အောင် စတင်စိတ်ကူးရပြီး ကူညီလုပ်ဆောင်နေသူကတော့ အသက် ၂၁ နှစ်အရွယ် နော်ဝေးလူငယ် ယွန်းနာ့စ် ဘို့ဂရေ့ဗင့်ဖြစ်ပါတယ်။ သူဟာ အော်စလိုမြို့က စီးပွားရေး တက္ကသိုလ် ကျောင်းသားတစ်ဦးဖြစ်ပြီး လူ့အသိုင်းအဝိုင်းကို အကျိုးပြုနိုင်ဖို့ ရည်ရွယ်ချက်နဲ့ လူမှုကွန်ယက် ဝက်ဘ်ဆိုက် MyGoodAct.com ကို တည်ထောင်ထားသူလည်း ဖြစ်ပါတယ်။

မိုဘီဂျီနိုနဲ့ နော်ဝေလူငယ်

မိုဘီဂျီနိုနဲ့ နော်ဝေလူငယ် ဒေါ်စုရံပုံငွေအဖွဲ့ ဖန်တီးသူ

နားထောင်ရနmp3

ဒီမီဒီယာကို ဖွင့်၍မရပါ

တခြား Media Player ဖြင့် ဖွင့်ပါ

သူဘာကြောင့် ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာ့လွတ်လပ်မှုရံပုံငွေ အဖွဲ့ တည်ထောင်ဖို့ စိတ်ကူးရသလဲ၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဘယ်လို မြင်သလဲ စတာတွေကို မေးမြန်း တင်ဆက်ထားပါတယ်။

Myanmar3 ဖောင့်နှင့် ကီးဘုတ် ဒီနေရာမှာ ရယူနိုင်ပါတယ်။

ဆက်သွယ်ရန်

* မဖြည့်မဖြစ် အကွက်တွေကို ပြနေပါတယ်

စာလုံးအရေအတွက်:0

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။