သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တနင်္ဂနွေနေ့ ညပိုင်းအစီအစဉ်

ပုပ်ဖရန်စစ်ကို လူ ၆ သန်းက ကြိုဆို

pope
ပုပ်ဖရန်စစ်ကို လူ ၆ သန်းက ကြိုဆိုခဲ့ကြ

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ အာရှခရီးစဉ်နောက်ဆုံးနေ့အဖြစ် မနီလာမြို့တော်မှာ သန်းနဲ့ချီတဲ့ လူစုလူဝေးကြီးနဲ့ တွေ့ဆုံ စကားပြောခဲ့ပါတယ်။

ဒါဟာဆိုရင် ၁၉၉၅ တုန်းက ဖိလစ်ပိုင်ကို ဒုတိယမြောက် ပုပ် ဂျွန်ပေါ လာပြီးကတည်းက လူအများဆုံး လာရောက်တဲ့ ပုပ်ရဟန်းမင်းကြီးတစ်ပါးရဲ့ တွေ့ဆုံပွဲလည်း ဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီးရဲ့ ယာဉ်ဖြတ်သွားတဲ့အချိန်မှာ လူတွေက မိုးရွာနေတဲ့ကြားကပဲ ခရစ်ယန်သီချင်းတွေဆိုပြီး လက်ပြ နှုတ်ဆက်ခဲ့ကြပါတယ်။

- အမေရိကန် သမ္မတ အိုဘားမားဟာ အင်္ဂါနေ့မှာပြောမယ့် သူ့ရဲ့ နိုင်ငံအခြေပြ မိန့်ခွန်းမှာ အလယ်အလတ်လူတန်းစားတွေကို အခွန်လျော့ကောက်နိုင်ဖို့ ချမ်းသာတဲ့သူတွေကို အခွန်တိုးကောက်မယ့် အစီအစဉ်ကို ထည့်သွင်း ပြောကြားဖွယ်ရှိပါတယ်။

- ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေဟာ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA အဖွဲ့၀င်တွေနဲ့ တွေ့ဆုံပြီး ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စ၊ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်မြောက်ရေး နဲ့ စစ်မှန်တဲ့ နိုင်ငံရေးတွေဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

လင်းလက်ကြယ်စင် - ချင်းပြည်နယ်က ပါဆယ် ဓလေ့သစ်

အလင်္ကာ ပုလဲပန်း

ဘီဘီစီရဲ့ အစီအစဉ်တွေကို နားထောင် ဖတ်ရှုပြီး ဝေဖန်အကြံပြုကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။