BBC navigation

တနင်္လာနေ့ ညပိုင်းအစီအစဉ်

မီဒီယာ ပလေးယား

တနင်္လာနေ့ ညပိုင်းအစီအစဉ်

ဒီမီဒီယာကို ဖွင့်၍မရပါ

တခြား Media Player ဖြင့် ဖွင့်ပါ

တနင်္လာနေ့ ညပိုင်းအစီအစဉ်

00:45:00

ကမ္ဘာ့ သတင်းများ

- အီရတ်နိုင်ငံ ရဲ့ အစိုးရသစ်ကို အတည်ပြုရေး ကြိုးပမ်းဖို့ တနင်္လာနေ့ နှောင်းပိုင်းမှာ ပါလီမန် ခေါ်ယူဖို့ရှိ၊

- ယူကရိန်းအစိုးရ တပ်ဖွဲ့တွေနဲ့ ရုရှားလိုလားသူသူပုန်တွေကြား အပစ် အခတ်ရပ်စဲဖို့ သဘောတူညီရုံနဲ့ ရုရှား အပေါ် EU ဥရောပ သမဂ္ဂရဲ့ ပိတ်ဆို့ အရေးယူမှုတွေ ရပ်တန့်ဖို့ မလုံလောက် သေးဘူးလို့ ဂျာမနီ ပြော၊

- ယူကရိန်း သမ္မတ Petro Poroshenko နိုင်ငံ အရှေ့တောင်ပိုင်း Mariupol မြို့မှာ ရောက်နေ၊

- ကုလ သမဂ္ဂ လူ့အခွင့် အရေးဆိုင်ရာ မဟာမင်းကြီး အသစ်က ဆီးရီးယားနဲ့ အီရတ်မှာ IS အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ရဲ့ ပစ်မှတ်ထားခံရတဲ့ တခြားဘာသာ ကိုးကွယ်သူ တွေကို အကာအကွယ်ပေးကြဖို့ တိုက်တွန်း၊

- ဟောင်ကောင်မှာ ရောင်းနေတဲ့ နာနတ်သီးမုန့် တွေနဲ့ အဆာသွတ်မုန့် တွေမှာ ထိုင်ဝမ်က တင်သွင်းတဲ့ ပြန်လည် ပြုပြင်ထားတဲ့ ဟင်းချက်ဆီတွေ ပါမပါ စစ်ဆေး နေစဉ် အဲဒီမုန့်တွေကို အရောင်း ရုပ်သိမ်း၊

မြန်မာသတင်းများ

-ရှမ်းပြည်နယ် နမ့်ခမ်း ဒေသ အတွင်း သတ္တု တူးဖေါ်ရေး လုပ်ငန်းတွေကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပြီး ဒေသခံ လယ်သမားတွေ ဒုက္ခဖြစ်နေကြရတာကြောင့် ရပ်တန့်ပေးဖို့ ရှမ်းလူထု အခြေပြု အဖွဲ့အစည်း ၁၁ ဖွဲ့က ကြေညာချက်ထုတ် တောင်းဆို၊

-နယ်သာလန်ကို ရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်ကို မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေက လက်တလော မြန်မာ့ အရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆန္ဒပြမယ်၊

-ပြည်သူ့ လွှတ်တော် အမတ်ကို ဘယ်စနစ် သုံးရွေးမယ်ဆိုတာ လေ့လာ နေတဲ့ ကော်မရှင်က ပြည်နယ် တွေမှာ နဂို အတိုင်း ထားပြီး တိုင်း ဒေသကြီးတွေမှာ အရော စနစ် သုံးဖို့ စဉ်းစားဆွေးနွေးခဲ့၊

မိုဘီဂျီနို

- စကော့တလန်နယ် ဂလပ်စဂိုမြို့က နာမည်ကျော် ရှေးဟောင်းတက္ကသိုလ်ကြီး တစ်ခုက မြန်မာ ကျောင်းသားတစ်ယောက်နဲ့ ကိုမိုးမြင့်က တွေ့ဆုံ မေးမြန်းတင်ဆက်ထားပါတယ်။

တပတ်အတွင်း အားကစားသတင်း

ကိုဇေယျာ တင်ဆက် ထားပါတယ်။

- ဘီဘီစီရဲ့ အစီအစဉ်တွေကို နားထောင် ဖတ်ရှုပြီး ဝေဖန် အကြံပြုကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။