
ကချင် စစ်ပြေး ဒုက္ခသည်များ
တိုင်းရင်းသား အဖွဲ့အစည်းအများစုနဲ့ အစိုးရ အကြား အပစ်အခတ် ရပ်စဲရေး ပဏာမ သဘောတူညီချက်တွေ လက်မှတ်ရေးထိုး နိုင်ခဲ့ပါတယ်။ ဒီဆောင်ရွက်ချက်တွေဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆီ ဦးတည်နေတဲ့ လမ်းကြောင်းမှန်ပေါ်ရောက်နေပြီလို့ ဆိုနိုင်ပါသလား။
နိုင်ငံရေးအရ ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးမျိုးရအောင် အများပြည်သူဘက်က ဘာတွေ ပါဝင်ဆောင်ရွက်နိုင်ပါသလဲ။
သောတရှင်တို့ အမြင်အတွေးတွေကို ဖေဖော်ဝါရီလ ၈ ရက် ဗုဒ္ဓဟူးနေ့ လွတ်လပ် အတွေး ဆွေးနွေးဖလှယ်အစီအစဉ်မှာ ပါဝင်ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။
ပါဝင်ဆွေးနွေးချင်တဲ့ သောတရှင်တို့ အနေနဲ့ ဖုန်းနံပါတ် ၀၀၄၄ ၂၀၇ ၅၅၇ ၁၇၆၄ ကိုဆက်သွယ်ပြီး တယ်လီဖုန်း အသံဖမ်းစက်ထဲမှာ မိမိပြောလိုရာကို ပြောကြားခဲ့ နိုင်ပါတယ်။ ( ဒီဖုန်းနံပါတ်မှာ ပြန်လည် ဖြေဆိုမယ့်သူ မရှိပါ။ ကိုယ်ပြောချင်တာကို ပြောထားခဲ့ဖို့သာ ဖြစ်ပါတယ်။ လူကိုယ်တိုင်နဲ့ စကားပြောဆို ဆက်သွယ်ချင်ရင်တော့ အဲဒီတယ်လီဖုန်း အသံဖမ်းစက်ထဲမှာ ကိုယ့်နာမည်၊ ဖုန်းနံပါတ်၊ ခေါ်ဆိုတဲ့ တိုင်းပြည်တွေကို အသံသွင်းထားခဲ့ပါ။ ဘီဘီစီက ပြန်ခေါ်ပါမယ်)
အီးမေးလ်နဲ့ ဆက်သွယ်ချင်ရင်တော့ burmese@bbc.co.uk ကို ဆက်သွယ်နိုင်ပါတယ်။
အသံဖိုင်ကို အီးမေးလ်နဲ့လည်း ပေးပို့နိုင်ပါတယ်။
အောက်က ပုံစံ စာရွက်မှာ ဖြည့်စွက်ပြီးတော့လည်း ပေးပို့နိုင်ပါတယ်။
Myanmar3 ဖောင့်နှင့် ကီးဘုတ် ဒီနေရာမှာ ရယူနိုင်ပါတယ်။
ဆက်သွယ်ရန်
* မဖြည့်မဖြစ် အကွက်တွေကို ပြနေပါတယ်

