ဒီမီဒီယာကို ဖွင့်၍မရပါ

မကြာခင်ကလွတ်လာတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက သူတို့ကို သောင်းသောင်းဖျဖျကြိုကြတဲ့ လူထုကြီးကို ဒီမိုကရေစီကို ဖေါ်ဆောင်ရာမှာ လူထုက အခရာ ကျတယ်လို့ ပြောခဲ့ပါတယ်။
ဒီတော့ ဒီမိုကရေစီကို ဖေါ်ဆောင်ရာမှာ လူထု ပါဝင်မှုက ဘယ်လောက် အရေးပါသလဲ။
လူထုက ဘယ်လို ပုံစံနဲ့ ပါဝင်နိုင်မလဲ။
သောတရှင်တွေရဲ့ အတွေးအမြင်တွေကို ဇန်နဝါရီလ ၁၈ ရက် ဗုဒ္ဓဟူးနေ့ည လွတ်လပ်အတွေး ဆွေးနွေးဖလှယ်အစီအစဉ်မှာ ပါဝင်ဆွေးနွေးခဲ့ကြတာကို နားဆင်နိုင်ကြပါတယ်။
လူထုက အရေးကြီးတာပေါ့။ ဒီမိုကရေစီ ကိုယ်တိုင်ကို ကလူထုက ပိုင်တာပါ။ လူထုနဲ့ တိုက်ရိုက်ပတ်သက်နေတယ်။ လူထုက ကိုယ်ပိုင်တဲ့ ပစ္စည်းဖြစ်တဲ့အတွက် မပျောက်ပျက် အောင်ထိန်းသိမ်းဖို့ လိုတယ်။
ဘယ်လို ထိန်းသိမ်း ရမလဲ ဆိုတော့ ဒီမိုကရေစီ ရဲ့ အနှစ်သာရ ဖြစ်တဲ့ တရားမျှတရေး၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ရေး တို့ကို လူထု ကိုယ်တိုင် ဘယ်သူ့တိုက်တွန်းမှုမှ မပါဘဲ ကျင့်သုံးရမယ်။
ဥပမာ ကိုယ့်ရှေ့မှာ တရားမျှတမှု မရှိတဲ့ လုပ်ရပ်တွေ့ ရင် ဖော်ထုတ်ဆန့်ကျင်ရဲရမယ်။ အာဏာ ပိုင်အဖွဲ့ တွေ အလွဲသုံးစား အနိုင့်အထက်ပြုကျင့်နေသလား။ မျက်နှာမလွှဲ ပါနဲ့။ စောင့်ကြည့် ဖော်ထုတ်ရမယ်။
ဒီလိုပဲ တခြားတခြားသော နယ်ပယ်အသီးသီးမှာ လည်း ဒီမိုကရေစီ ကိုဆန့်ကျင်တဲ့ လုပ်ရပ်တွေကို လူထုကိုယ်တိုင် တိုက်ဖျက်ကြရမယ်။ ဒါဟာ မိမိတို့ ပိုင်တဲ့ ပစ္စည်းကို ရေရည်တည်တံ့အောင် ထိန်းသိမ်းရမယ့် တာ၀န်နဲ့ ၀တ္တရားပါပဲ။
Watcher Bribery
၁။ ဒီမိုကရေစီ စနစ်သည် လူထု အဓိက စနစ်ဖြစ်သောကြာင့် လူထု ပါ၀င်မှုသည် ၁၀၀% အရေးပါပါသည်။ လူထု မပါလျှင် ဒီမိုကရေစီ စနစ် မအောင်မြင်နိုင်ပါ။
၂။ ဘယ်လိုပုံစံနှင့် ပါ၀င်နိုင်မလဲ..ဆိုတဲ့ မေခွန်းကိုတော့ ဒီလို ဆွေးနွေးချင်ပါတယ်။
ခုချိန်ခါဟာ .ပြည်သူတွေရဲ့ နှစ် ၅၀ ကျော် လူမှု ဒုက္ခ အ၀၀က လွတ်မြောက်ရာ တစ်ဘက်ကမ်းကို တက်လှမ်းကူးမြောက်နိုင်မည့် လှေကြီးတစ်စင်းကို မြစ်ထဲကို ဝိုင်းဝန်းချနေတဲ့ အချိန်ခါနဲ့ တူပါတယ်။ ဦးထမ်း ပဲ့ထမ်းဆိုသလို ပြည်သူလူထုအားလုံး ပါ၀င်ရမှာပါ။
ဒီအချိန်မှာ ကိုယ်က ရပ်ကြည့်နေမှာလား၊ လှေပေါ်အရင်တက်ပြီး နေရာယူနှင့်မှာလား၊ ဘေးထိုင် ဘုပြောလုပ်နေမှာလား ဆိုတာ ပြည်သူအားလုံး စဉ်းစားပြီး ကူမနိုင်တာ ကူမဖို့ ပါပဲ။
အထူးသဖြင့် ပြည်သူလူထုဆိုတဲ့ ထဲမှာ ရဟန်းရှင်လူ အားလုံး ပူပေါင်းပါ၀င်နေသည်မို့ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ဘုရားကြီးများလည်း (ရဌဂုရု )(တိုင်းပြည်၏ဆရာ) ဖြစ်သည့်အတွက် မြန်မာပြည်၏ သာယာ၀ပြော ငြိမ်းချမ်းရေး လှေကြီး တွန်းရွှေ့ရာမှာ လှေဦးကနေ မ ပြီးပါသင့်ပါကြောင်း အထူး (အထူး) လျှောက်ထား အကြံပေးလိုက်ပါတယ်။
လူထုနဲ့ သံဃာငယ်များက တက်စွမ်းသမျှ ပါ၀င်ခဲ့ပါတယ်။ ဆရာတော်ကြီးများ မပါ၀င်လိုက်လျှင် သမိုင်းမှာ ဆရာတော်ကြီးများချည့် ကျန်ခဲ့မည်ကို အလွန်စိုးရိမ်ပါတယ်။
ဦးသိန်းစိန်ကိုယ်တိုင် တွေ့ဆုံ ဆွေးနွေးရေးမူကို ကိုင်စွဲနေချိန်မှာ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများသာ တွေ့ဆုံဆွေးနွေးမှု့ မလုပ်ပဲ သံဃာငယ်တွေအပေါ် အမိန့်တွေ့ချည့် ထုတ်ပြန်နေတာကို ၀မ်းနည်းစွာ တွေ့မြင်နေရပါသည်ဘုရား။
နိုင်ငံခြားရောက် သာသာနာပြု ရဟန်းငယ်တစ်ပါး
နားထောင်ပြီးတခုခုပြောချင်ရင် ဘီဘီစီကို ဖုန်းနဲ့ဖြစ်စေ burmese@bbc.co.uk ကိုအီမေးလ်နဲ့ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။
တယ်လီဖုန်းနဲ့ ဆက်သွယ်မယ်ဆိုရင် ၀၀ ၄၄ ၂၀၇ ၅၅၇ ၁၇၆၄ ကိုအမြန်ဆက်သွယ်ကြဖို့ ဖိတ်ခေါ်ပါတယ်။
အောက်ပါကွက်လပ်ကို ဖြည့်ပြီးလဲ ပေးပို့နိုင်ပါတယ်။
Myanmar3 ဖောင့်နှင့် ကီးဘုတ် ဒီနေရာမှာ ရယူနိုင်ပါတယ်။
* မဖြည့်မဖြစ် အကွက်တွေကို ပြနေပါတယ်
BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ
ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။