
တချိန်က မြန်မာနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့ကြီးယိုယွင်းလာနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ လစ်လျူရှုခံနေရတယ်ဆိုတဲ့ သဘော ပြောဆိုသံတွေ ကြားနေရပါတယ်။
မကြာခင်ကဘဲ ရန်ကုန်မြို့ကို စင်္ကာပူနိုင်ငံလို ဖြစ်အောင် လုပ်ဆောင်ဖို့ သမ္မတဦးသိန်းစိန်က လမ်းညွှန်ခဲ့တယ်လို့ သိရပါတယ်။
ဒီတော့ ရန်ကုန်မြို့ကို နိုင်ငံတကာ အဆင့်မှီ မြို့ကြီး ဖြစ်လာအောင် အစိုးရပိုင်းက ဘာတွေ အဓိက စလုပ်သင့်သလဲ။
လူထုအနေနဲ့ ကော ဘာတွေ လုပ်သင့်ပါသလဲ
လာမဲ့ ဒီဇင်ဘာလ ရ ရက် ဗုဒ္ဓဟူးနေ့ည လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ်မှာ ပါဝင်ဆွေးနွေးကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။
ဘီဘီစီကို email နဲ့ဖြစ်စေ ဖုန်းနဲ့ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။
burmese@bbc.co.uk ကို ဆယ်သွယ်နိုင်သလို တယ်လီဖုန်းနဲ့ဆိုရင် ၀၀၄၄၂၀၇ ၅၅၇ ၁၇၆၄ ကိုဆက်ပြီး ကိုယ်ပြောလိုတဲ့ အကြောင်းအရာ၊ ကိုယ်နေတဲ့ နိုင်ငံနဲ့ တယ်လီဖုန်း နံပါတ်ကို ပြောထားခဲ့ရင် ဘီဘီစီက ပြန်ဆက်သွယ်ပါမယ်။
အောက်ပါကွက်လပ်ကို ဖြည့်ပြီးလဲ ပြန်ပို့နိုင်ပါတယ်။
Myanmar3 ဖောင့်နှင့် ကီးဘုတ် ဒီနေရာမှာ ရယူနိုင်ပါတယ်။
ဆက်သွယ်ရန်
* မဖြည့်မဖြစ် အကွက်တွေကို ပြနေပါတယ်

