
ရန်ကုန်တိုင်းက လယ်သိမ်းခံ လယ်သမားတွေ
ပြီးခဲ့တဲ့လကုန်ပိုင်းက ရန်ကုန်တိုင်းအတွင်း လယ်မြေအသိမ်းခံခဲ့ရတဲ့ လယ်သမားတွေ လယ်လုပ်ပိုင်ခွင့် ဆုံးရှုံးနေတဲ့အပေါ် ဆန္ဒပြခဲ့ကြသလို အနယ်နယ် အရပ်ရပ်မှာလည်း အကြောင်းအမျိုးမျိုးနဲ့ လယ်ယာမြေ အသိမ်းခံနေရတဲ့ လယ်သမားတွေက သူတို့ရဲ့ နစ်နာမှုတွေအတွက် တိုင်တန်းပြောဆိုနေကြတာကို မကြာခဏ ကြားနေရပါတယ်။
ဒီတော့ကာ ဒီလို လယ်သိမ်းခံ လယ်သမားတွေအတွက် တရားမျှတမှုရှိအောင် ဘယ်လို ဆောင်ရွက်ပေးနိုင်မလဲ ။
သောတရှင်တွေရဲ့ အတွေးအမြင် အယူအဆတွေကို လာမဲ့ ဗုဒ္ဓဟူးနေ့ နိုဝင်ဘာလ ၉ ရက် လွတ်လပ်အတွေး ဆွေးနွေးဖလှယ်အစီအစဉ်မှာ ပါဝင်ဆွေးနွေးကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။
ဘီဘီစီကို email နဲ့ဖြစ်စေ ဖုန်းနဲ့ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။
burmese@bbc.co.uk ကို ဆယ်သွယ်နိုင်သလို တယ်လီဖုန်းနဲ့ဆိုရင် ၀၀၄၄၂၀၇ ၅၅၇ ၁၇၆၄ ကိုဆက်ပြီး ကိုယ်ပြောလိုတဲ့ အကြောင်းအရာ၊ ကိုယ်နေတဲ့ နိုင်ငံနဲ့ တယ်လီဖုန်း နံပါတ်ကို ပြောထားခဲ့ရင် ဘီဘီစီက ပြန်ဆက်သွယ်ပါမယ်။
အောက်ပါကွက်လပ်ကို ဖြည့်ပြီးလဲ ပြန်ပို့နိုင်ပါတယ်။
Myanmar3 ဖောင့်နှင့် ကီးဘုတ် ဒီနေရာမှာ ရယူနိုင်ပါတယ်။
ဆက်သွယ်ရန်
* မဖြည့်မဖြစ် အကွက်တွေကို ပြနေပါတယ်

