
ပုဂ္ဂလိက နေ့စဉ် သတင်းစာ ထုတ်ဝေခွင့်နဲ့ ပတ်သက်လို့ လွှတ်တော်မှာ မေးမြန်းရာမှာ ပြန်ကြားရေးဝန်ကြီးက အပတ်စဉ် ဂျာနယ်တွေ နေ့စဉ်လိုလို ထုတ်နေလို့ နေ့စဉ်သတင်းစာ မလိုသေးဘူးလို့ ပြောခဲ့ပါတယ်။
သတင်းမီဒီယာဟာ စတုတ္ထမဏ္ဍိုင်လို့ ပြောနေတဲ့ အစိုးရဟာ နေ့စဉ် သတင်းစာထုတ်မှာကို ခွင့်မပြုသေးတာ ဘာကြောင့်လို့ သောတရှင်တွေ ထင်ပါသလဲ
သောတရှင်တို့ရဲ့ အတွေးအမြင်တွေကို လာမဲ့ အောက်တိုဘာလ ၁၂ ရက်နေ့ ဗုဒ္ဓဟူးနေ့ည လွတ်လပ်အတွေး အစီအစဉ်မှာ ပါဝင်ဆွေးနွေးကြဖို့ ဖိတ်ခေါ်လိုပါတယ်။
ဘီဘီစီကို email နဲ့ဖြစ်စေ ဖုန်းနဲ့ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။
burmese@bbc.co.uk ကို ဆယ်သွယ်နိုင်သလို တယ်လီဖုန်းနဲ့ဆိုရင် ၀၀၄၄၂၀၇ ၅၅၇ ၁၇၆၄ ကိုဆက်ပြီး ကိုယ်ပြောလိုတဲ့ အကြောင်းအရာ၊ ကိုယ်နေတဲ့ နိုင်ငံနဲ့ တယ်လီဖုန်း နံပါတ်ကို ပြောထားခဲ့ရင် ဘီဘီစီက ပြန်ဆက်သွယ်ပါမယ်။
အောက်ပါကွက်လပ်ကို ဖြည့်ပြီးလဲ ပြန်ပို့နိုင်ပါတယ်။
Myanmar3 ဖောင့်နှင့် ကီးဘုတ် ဒီနေရာမှာ ရယူနိုင်ပါတယ်။
ဆက်သွယ်ရန်
* မဖြည့်မဖြစ် အကွက်တွေကို ပြနေပါတယ်

