
မြန်မာဘောလုံးအသင်းနဲ့ အိုမန်ဘောလုံးအသင်းတို့ ဇူလိုင်လကုန်ပိုင်းက ကမ္ဘာ့ဖလား အာရှဇုံ ခြေစစ်ပွဲကစားကြရာမှာ မြန်မာ ဘောလုံးပရိတ်သတ်ကို ထိန်းမရလို့ ပွဲမပြီးဘဲ ဘောလုံးပွဲကို ရပ်ခဲ့ရပါတယ်။
ဒီလို မြန်မာဘောလုံးပရိသတ်ရဲ့ အပြုအမူဟာ နိုင်ငံတကာ အားကစားလောကမှာ အရှက်ရစရာ ဖြစ်ခဲ့ရပါတယ်။
နိုင်ငံတကာဘောလုံးအဆင့်အတန်းကို မှီအောင် ကြိုးစားနေချိန်မှာ ဘောလုံးပရိတ်သတ်အနေနဲ့ စည်းကမ်းရှိရှိ အားမပေးသင့်ဘူးလား။
ဘောလုံးကွင်းထဲမှာ ပရိတ်သတ်ရဲ့ အပြုအမူကို ဘယ်လိုထိန်းသိမ်းသင့်တယ်လို့ ထင်ပါသလဲ။
သောတရှင်တွေရဲ့ အတွေးအမြင်တွေကို လာမဲ့ သြဂုတ်လ ၁၀ ရက် ဗုဒ္ဓဟူးနေ့ည လွတ်လပ်အတွေးအစီအစဉ်မှာ ပါဝင်ဆွေးနွေးကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။
ဘီဘီစီကို email နဲ့ဖြစ်စေ ဖုန်းနဲ့ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။
burmese@bbc.co.uk ကို ဆယ်သွယ်နိုင်သလို တယ်လီဖုန်းနဲ့ဆိုရင် ၀၀၄၄၂၀၇ ၅၅၇ ၁၇၆၄ ကိုဆက်ပြီး ကိုယ်ပြောလိုတဲ့ အကြောင်းအရာ၊ ကိုယ်နေတဲ့ နိုင်ငံနဲ့ တယ်လီဖုန်း နံပါတ်ကို ပြောထားခဲ့ရင် ဘီဘီစီက ပြန်ဆက်သွယ်ပါမယ်။
အောက်ပါကွက်လပ်ကို ဖြည့်ပြီးလဲ ပြန်ပို့နိုင်ပါတယ်။
Myanmar3 ဖောင့်နှင့် ကီးဘုတ် ဒီနေရာမှာ ရယူနိုင်ပါတယ်။
ဆက်သွယ်ရန်
* မဖြည့်မဖြစ် အကွက်တွေကို ပြနေပါတယ်

