နောက်ဆုံး ရေးသားချိန် 6 အောက်တိုဘာလ 2010 - 17:07 GMT

တရုတ်အဝင် မြန်မာ ဘာဖြစ်သလဲ

မီဒီယာ ပလေးယား

china

တရုတ်ကြီးကတော့ တဖြည်းဖြည်း တိုးဝင်လာ နေပြီ၊ ပြည်သူတွေ ကျန်းမာချမ်းသာပါရဲ့လား

နိုင်ငံတကာပဋိပက္ခဖြေရှင်းရေးအဖွဲ့ ICG ရဲ့ မကြာမီက ထုတ်ပြန်တဲ့ အစီရင်ခံစာ ထဲမှာ တရုတ်ရဲ့ ပုံရိပ်ဟာ မြန်မာနိုင်ငံမှာ ဆိုးဝါးတဲ့ အနေအထားကို ရောက်လာနေ ပါတယ်၊ တရုတ်စီးပွားရေးရော တရုတ် တွေပါ တိုးဝင်လာလို့ မြန်မာတိုင်းရင်းသား တွေရဲ့ မကျေနပ်မှုတွေ တိုးပွားလာနေတယ် လို့ ဆိုပါတယ်။

တကယ်ပဲ မကျေနပ်မှုတွေ များပြားလာနေပါ သလား။ မရွှေမိ

ခေါင်းဆောင်တွေ လုပ်သမျှ ပြည်သူတွေ ခံစားရမှာလား၊ ကောင်းကျိုးကော ရှိနိုင်သလား။

တရုတ်ပြည်မှာ ပြည်နယ်ကြီးတွေ အများကြီးရှိတယ်၊ မြန်မာပြည်ကိုလည်း သူတို့ရဲ့ ပြည်နယ်ကြီးအဖြစ် သတ်မှတ်ချင်ပြီးတော့ မြန်မာပြည်က အရင်းအမြစ်တွေ အကုန်လုံး လိုချင်တယ်။

မခင်ချော ခေတ္တတရုတ်ပြည်

တရုတ်ရင်းနှီးမြှုပ်နှံမှုတွေနဲ့ တရုတ်တွေ ထိုးဝင်လာမှုက မြန်မာတွေအတွက် ကောင်းကျိုး တွေကော မရှိနိုင်ဘူးလား၊ စီးပွားရေးပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ) နဲ့ မန္တလေး ရောက်နေတဲ့ NLD လူငယ်ဖော်ဆောင်ရေးတာဝန်ခံ ၂ ကိုလှဦးတို့က သောတရှင်တွေနဲ့အတူ ပါဝင်ဆွေးနွေးထားကြပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။