
သေဆုံးသူရဲ့ ဆွေမျိုးသားချင်းတွေ
ပြီးခဲ့တဲ့ ရက်ပိုင်းက ပဲခူးမှာ စစ်သားနဲ့ အရပ်သား ရန်ဖြစ်ရာက စစ်သားက သေနတ်နဲ့ပစ်လို့ လူငယ် ၂ ဦးသေဆုံးခဲ့ပါတယ်။
ပြည်သူလူထုရဲ့ အသက်အိုးအိမ်ကို အကာအကွယ်ပေးဖို့ ရည်ရွယ်ဖွဲ့စည်း ထားတဲ့ စစ်တပ်က အခုလို လူထုရဲ့ အသက်ကို အလွယ်တကူ ပစ်ခတ်သတ်ဖြတ်ခဲ့တာကြောင့်
ပြည်သူတွေအနေနဲ့ အသက်အိုးအိမ် လုံခြုံမှုအတွက် ဘယ်သူကို အားကိုးအားထား ပြုရမလဲ၊
ဒီလိုမျိုး စစ်တပ်က ကျူးလွန်တဲ့ ပြစ်မှုမျိုးတွေကို ဥပဒေအတိုင်း တရားမျှတစွာ အရေးယူနိုင်အောင် ဘယ်လို ဆောင်ရွက်နိုင်မလဲ။
သောတရှင်တို့ရဲ့ အတွေးအမြင်အယူအဆတွေကို လာမဲ့ ဗုဒ္ဓဟူးနေ့ည လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ်မှာ ပါဝင်ဆွေးနွေးကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။
ဘီဘီစီကို emailနဲ့ဖြစ်စေ တယ်လီဖုန်းနဲ့ဖြစ်စေ ဆက်သွယ်နိုင်ကြပါတယ်။
Email နဲ့ဆိုရင် burmese@bbc.co.uk ကို ၌ေးပို့နိုင်ပါတယ်။
တယ်လီဖုန်းနံပတ်က ၀၀၄၄၂၀၇၅၅၇၁၇၆၄ ကိုဆက်သွယ်ပြီး မိမိပြောချင်တာကို အသံသွင်းထားခဲ့နိုင်ပါတယ်။ ကိုယ်ရဲ့တယ်လီဖုန်းနံပတ်ကို ပြောထားခဲ့ရင် ဘီဘီစီကပြန်လည်ဆက်သွယ်မှာ ဖြစ်ပါတယ်။
အောက်ပါဖေါင်ကိုဖြည့်ပြီးတော့လည်း ပို့နိုင်ပါတယ်။
Myanmar3 ဖောင့်နှင့် ကီးဘုတ် ဒီနေရာမှာ ရယူနိုင်ပါတယ်။
ဆက်သွယ်ရန်
* မဖြည့်မဖြစ် အကွက်တွေကို ပြနေပါတယ်

