
လူတန်စားပေါင်းစုံးပါဝင်ခဲ့တဲ့ ၈၈၈၈ လူထု လှုပ်ရှားမှု
မြန်မာနိုင်ငံမှာ တပါတီ အာဏာရှင်စံနစ်ကို ချုပ်ငြိမ်းစေခဲ့တဲ့ ရှစ်လေးလုံး လူထု လှုပ်ရှားမှုကြီး ဖြစ်ခဲ့တာ ၂၂ နှစ်ပြည့်ပါတော့မယ်။
ဒီလိုအရှိန်အဝါ ကြီးမားတဲ့ လူထုလှုပ်ရှားမှုကြီး အပါအဝင် နိုင်ငံရေးလှုပ်ရှားမှု သမိုင်းတွေကို မှေးမှိန် ပျက်ပြယ်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ရုပ်ရှင်ကားတွေ ဆောင်းပါးတွေသုံးပြီး ပြုလုပ်နေတာတွေ တွေ့နေရပါတယ်။
ဒီလို သမိုင်း ဖြစ်ရင်မှန်တွေကို မမှန်မကန် ဝါဒ ဖြန့်တာမျိုးတွေကြောင့် ဘယ်လို အကျိုးဆက်တွေ ဖြစ်လာနိုင်တယ်လို့ သောတရှင်တွေ ယူဆကြပါသလဲ။
တိုင်းပြည်နဲ့ လူမျိုးအတွက် ဘယ်လောက်ထိခိုက်နိုင်မယ်လို့ ထင်ပါသလဲ
လာမဲ့ သြဂုတ်လ ၄ ရက် ဗုဒ္ဓဟူးနေ့ည လွတ်လပ်အတွေး ဆွေးနွေးဖလှယ်ကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။
burmese@bbc.co.uk ကို တိုက်ရိုက် email ပေးပို့ပြီး ဆက်သွယ်နိုင်သလို အောက်ပါဖေါင်ကို ဖြည့်ပြီးလဲ ပေးပို့ နိုင်တယ်။
Myanmar3 ဖောင့်နှင့် ကီးဘုတ် ဒီနေရာမှာ ရယူနိုင်ပါတယ်။
ဆက်သွယ်ရန်
* မဖြည့်မဖြစ် အကွက်တွေကို ပြနေပါတယ်
သမိုင်းဆိုတာကို မသိလေ တုံးလေ ဖြစ်မယ်၊ အစိုးရက တုံးတဲ့ တိုင်းသူ ပြည်သူတွေ ဖြစ်အောင် ဖန်တီးတာပဲ ဖြစ်တယ်။
အငြိမ်းစား သမိုင်းပါမောက္ခ ဒေါက်တာ အေးကျော်
စစ်အာဏာရှင်တွေရဲ့ ဝါဒဖြန့် ယန္တရားတွေဖြစ်တဲ့ မိုးလုံးပြည့် မုသားဝါဒ MRTV တွေ မြဝတီ အသံလွှင့်ဌာနတွေ ရုပ်ရှင် အစည်းအရုံးတွေက ထုတ်လုပ်တာဖြစ်လို့ ဘယ်ဟာ အမှား ဘယ်ဟာ အမှန်ဆိုတာ လူထုက သိနိုင်မယ်ထင်တယ်။
ကိုတင်အေး ၈၈-၈၉ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

