နောက်ဆုံး ရေးသားချိန် 7 ဧပြီလ 2010 - 16:11 GMT

ြည်ပ အဖွဲ့အစည်းတွေ ဒီအချိန်မှာ ဘာလုပ်သင့်သလဲ

မီဒီယာ ပလေးယား

NLD supporter

NLD ပါတီက ရွေးကောက်ပွဲ အတွက် မှတ်ပုံမတင်ဘူးလို့ ဆုံးဖြတ်လိုက်တဲ့အတွက် နိုင်ငံရေးပါတီအနေနဲ့ ရပ်တည်နိုင်ဖို့ မလွယ်တော့ပါဘူး၊

ဒီလို နိုင်ငံရေးအခြေအနေမျိုးမှာ ဒီမိုကရေစီရေး လှုပ်ရှား နေကြတဲ့ ပြည်ပကအဖွဲ့အစည်းတွေ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဖြစ်မြောက်အောင် ဘာလုပ်ပေးသင့်တယ်လို့ သောတရှင်တွေ ယူဆကြပါသလဲ

သောတရှင်တို့ရဲ့ အတွေး အမြင်တွေကို လာမဲ့ ဧပြီလ ၇ ရက် ဗုဒ္ဓဟူးနေ့ည လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ်မှာ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

သောတရှင်တွေနဲ့အတူ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးရေးအင်အားစုရဲ့ ဥက္ကဌ ဒေါ်ခင်ဥမ္မာ ပါဝင်ဆွေးနွေးထားပါတယ်။

Email နဲ့ ပါဝင်ဆွေးနွေးခဲ့ကြသူတချို့ရဲ့ အမြင်

" နိုင်ငံတကာရောက် တိုင်းချစ်ပြည်ချစ် ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေအနေနဲ့ ပြည်တွင်းမှာ NLD ပါတီ ရွေးကောက်ပွဲ မဝင်နိုင်ဘူးလို့ ဆုံးဖြတ်ထားတယ်။ ဒါကို နိုင်ငံတကာမှာရော ကုလသမဂ္ဂအပါအဝင် ဥရောပ၊ အာဆီယံနိုင်ငံတွေကို ဘာကြောင့် NLD ပါတီ ရွေးကောက်ပွဲမဝင်ရသလဲဆိုတာ နအဖ ရဲ့ ရွေးကောက်ပွဲ ဥပဒေကြောင့် ဖြစ်ကြောင်း၊ မတရားတဲ့ ဥပဒေလုပ်လိုက်လို့ ဖြစ်တာကို ရှင်းရှင်းလင်းလင်း အသိပေးလုပ်ဆောင်သွားဖို့ အထူးအရေးကြီးပါတယ်။"

မန်းလှအေး ( ခေတ္တ ထိုင်းမြန်မာနယ်စပ်တနေရာ )

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။