BBC navigation

နည်းပညာ အကူအညီ

ဘီဘီစီမြန်မာပိုင်း အင်တာနက်စာမျက်နှာကို အကောင်းဆုံးမြင်တွေ့နိုင်ရန်

မြန်မာပိုင်းအင်တာနက်စာမျက်နှာကို ကွန်ပြူတာမျက်နှာပြင် (screen resolution) 1024 pixels နဲ့ အကောင်းဆုံး ကြည့်နိုင်အောင် စီစဉ်ထားတာဖြစ်တဲ့အတွက် မိမိကွန်ပြူတာထဲက ဗီဒီယိုကဒ်ဟာ အဲဒီအရည်အသွေးထက် နည်းနေမယ်ဆိုရင် ကြည့်ရတာ မျက်နှာပြင် အပြည့် မမြင်ရတာမျိုး ကြုံရနိုင်ပါတယ်။

အဲဒီလိုဖြစ်ခဲ့ရင်တော့ low graphics ပုံစံ၊ ဗီဒီယိုအရည်အသွေးအနိမ့်စားနဲ့ ကြည့်လို့ အဆင်ပြေအောင် တင်ထားတဲ့ စာမျက်နှာကို ရွေးချယ်ကြည့်ရှုနိုင်ပါတယ်။

မြန်မာအင်တာနက်စာမျက်နှာမှာပါတဲ့ တချို့ဖော်ပြချက်တွေကို ကြည့်နိုင်ဖို့ Javascript လို့ခေါ်တဲ့ ပရိုဂရမ် တခု ကိုယ့်ကွန်ပြူတာထဲမှာ ဖွင့်ထားရပါလိမ့်မယ်။ အဲဒီလိုလုပ်ဖို့အတွက်

Windows မှာ Internet Explorer အသုံးပြုသူတွေအတွက် menu ကနေ Tools ကိုသွားပြီး Internet Options ကိုရွေးပါ။ Security tab ကိုနှိပ်ပြီး၊ Custom Level ကိုထပ်နှိပ်ပါ။ ပေါ်လာတဲ့အကွက်က အောက်ဆုံးနားမရောက်ခင်မှာ Scripting ဆိုတဲ့ခေါင်းစဉ်တွေ့ပါလိမ့်မယ်။ အဲဒီအောက်က Active Scripting မှာ enable အကွက်ကိုနှိပ်ပြီးရွေးလိုက်ပါ။ ပြီးရင် OK နှိပ်လိုက်မယ်ဆိုရင် Javascript Enable ဖြစ်သွားပါပြီ။ ပြီးလို့ ကိုယ်ဖွင့်ချင်တဲ့ စာမျက်နှာကို ပြန်ဖွင့်ကြည့်ရင် အဆင်ပြေပြေတွေ့ရပါလိမ့်မယ်။

Mac မှာ Internet Exprorer အသုံးပြုသူတွေအတွက် - Menu မှာ Preferences ကိုရှာပါ။ window မျက်နှာပြင်ဘယ်ဖက်က စာရင်းထဲမှာ Web Content ကိုရွေးပြီး၊ Active Content ကိုရှာပါ။ Enable Scripting ဘေးနားက အကွက်ငယ်လေးကို နှိပ်ပါ။ Java ကို ဖွင့်ထားဖို့တော့ Web Content မှာ Java Link ဆိုတာကို ရွေးထားပါ။

Safari အသုံးပြုသူတွေအတွက် - menu က Preferences ကိုရွေးပြီး Security tab ကိုနှိပ်ပါ။ Java နဲ့ Javascript နှစ်ခုစလုံးကို ရွေးလိုက်ပါ။

Firefox အသုံးပြုသူတွေအတွက် - Tools menu ကနေ Optiongs ကိုရွေးပြီး Web Features ကိုနှိပ်ပါ။ main panel ထဲမှာရှိတဲ့ Enable Javascript ကိုရွေးပါ။ OK နှိပ်ပါ။

Opera အသုံးပြုသူတွေအတွက် - menu ကနေ Quick Preferences ကိုနှိပ်ပါ။ Enable JavaScript ကိုနှိပ်ပါ။

Online ပေါ်မှာ အသံနားထောင်ရန်နဲ့ ဗီဒီယိုကြည့်ရှုနိုင်ရန်

ဘီဘီစီမြန်မာအင်တာနက် ဝက်ဘ်ဆိုက်မှာတင်ထားတဲ့ အသံဖိုင်တွေ၊ ဗီဒီယိုဖိုင်တွေကို သက်ဆိုင်ရာ ပရိုဂမ်တွေနဲ့ သီးခြားဖွင့်လို့ရသလို၊ အင်တာနက်စာမျက်နှာထဲမှာတင် နားထောင်ကြည့်ရှုလို့ရအောင် စီစဉ်ထားပါတယ်။

အဲဒီလို ကြည့်ရှုနားထောင်နိုင်ဖို့အတွက် အနည်းဆုံး 56 kbps အမြန်နှုန်းရှိတဲ့ အင်တာနက်လိုင်းချိတ်ထားရပါမယ်။ အမြန်နှုန်းပိုမြင့်တဲ့ Broadband လိုင်းချိတ်ထားမယ်ဆိုရင်တော့ ကြည့်ရှုနားထောင်ရတာ ပိုကောင်းပါလိမ့်မယ်။

မြန်မာအင်တာနက်စာမျက်နှာထဲမှာတင် နားထောင်ကြည့်ရှုလို့ရမယ့်ဖိုင်တွေကို ဖွင့်ချင်ရင်တော့ မိမိရဲ့ ဘရောက်ဆာမှာ Flash Player ဆိုတဲ့ software လိုအပ်ပါတယ်။

Flash Player ကိုရယူဖို့အတွက် အောက်ပါလင့်မှာ download လုပ်ပါ။

http://www.bbc.co.uk/webwise/categories/plug/flash/flash.shtml?intro2

တခြားအသံနဲ့ ဗီဒီယိုဖိုင်တွေကို ဖွင့်ဖို့ကတော့ Real Player ဒါမှမဟုတ် Windows Media Player လိုအပ်ပါလိမ့်မယ်။

နှိပ်ပါ Real Player download လုပ်ရန်-

နှိပ်ပါ Windows Media Player download လုပ်ရန်-

* ဘီဘီစီမြန်မာပိုင်း အင်တာနက်စာမျက်နှာက အသံနဲ့ဗီဒီယိုဖိုင်တွေကို ဖွင့်ကြည့်ဖို့ လိုအပ်တဲ့ ပရိုဂရမ်တွေကို အခကြေးငွေပေးစရာမလိုဘဲ ရယူနိုင်ပါတယ်။

မိမိရဲ့ဘဏ်စာရင်း နံပါတ်၊ အကြွေးဝယ်ကဒ်တွေရဲ့ နံပါတ်တွေကို လုံးဝပေးစရာမလိုပါ။

အဲဒီလို ပရိုဂရမ်တွေကို download လုပ်တဲ့အချိန်မှာ ပရိုဂရမ်ထုတ်တဲ့ သက်ဆိုင်ရာ ကုမ္ပဏီရဲ့ စည်းကမ်းချက်တွေကိုတော့ သဘောတူပေးရပါလိမ့်မယ်။ အဲဒီစည်းကမ်းချက်တွေဟာ ဘီဘီစီ နဲ့ တစုံတရာပတ်သက်ခြင်းမရှိပါ။ ကိုယ့်ဆီက ယူထားမယ့် အချက်အလက်တွေကို ဘယ်လိုအသုံးပြုနိုင်တယ်ဆိုတာကို အဲဒီကုမ္ပဏီတွေက ရှင်းပြပါလိမ့်မယ်။

ပေါ့ဒ်ကတ်စ်

ဘီဘီစီရဲ့အစီအစဉ်တွေကို သွားရင်းလာရင်း နားထောင်နိုင်အောင် Podcast download ရယူနိုင်ဖို့ စီစဉ်ထားပါတယ်။ လက်ရှိမှာ ဘီဘီစီမြန်မာပိုင်းရဲ့ Podcast ၂ မျိုးကို download လုပ်ပြီး နားဆင်နိုင်ကြပါတယ်။

ပေါ့ဒ်ကတ်စ်နဲ့ ပတ်သက်တဲ့ ရှင်းပြချက်နဲ့ အကူအညီကို နှိပ်ပါ ဒီမှာကြည့်ပါ

RSS ဆိုတာဘာလဲ

RSS (Really Simple Syndication) ဆိုတာ မိမိနှစ်သက်ရာ ဝက်ဘ်ဆိုက်တွေက နောက်ဆုံးထွက်သမျှသတင်း ဗီဒီယိုတွေကို အဲဒီဆိုက်တွေကို သွားရောက်ကြည့်ရှုစရာ မလိုဘဲ တနေရာတည်းကနေ အလိုအလျောက်ရယူနိုင်တဲ့ စနစ်ဖြစ်ပါတယ်။

RSS နဲ့ ဘယ်လိုသတင်းရယူမလဲ

RSS News Reader လို့ခေါ်တဲ့ ပရိုဂရမ်တစ်ခုကို သောတရှင်တို့ရဲ့ ကွန်ပြူတာထဲမှာ ထည့်ထားဖို့လိုပါတယ်။ အဲဒီပရိုဂရမ်က RSS နည်းနဲ့ မိမိရွေးချယ်ထားတဲ့ အင်တာနက်စာမျက်နှာပေါ်က သတင်းတွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ bbcburmese.com ကို မိမိ RSS News Reader ထဲမှာ ထည့်သွင်းထားမယ်ဆိုရင် ဘီဘီစီမြန်မာပိုင်းအစီအစဉ်ရဲ့ နောက်ဆုံးရ သတင်းတွေ၊ သောတရှင်တို့ စိတ်ဝင်စားစရာ အဖြာဖြာနဲ့ တင်သမျှ အကြောင်းအရာသစ်တွေကို သောတရှင်တို့ရဲ့ RSS News Reader ကနေတဆင့် ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။

RSS News Reader ကိုဘယ်လိုရယူမလဲ

RSS News Reader ဒါမှမဟုတ်အလားတူ ပရိုဂမ်တွေအမျိုးမျိုး ရရှိနိုင်ပါတယ်။ အင်တာနက် ရှာဖွေရေးအင်ဂျင်တွေမှာလည်း အသေးစိတ်ရှာဖွေနိုင်ပါတယ်။ များသောအားဖြင့် အဲဒီပရိုဂမ်တွေကို အခမဲ့ရရှိနိုင်ပါတယ်။

Operating System အလိုက် အသုံးပြုနိုင်တဲ့ RSS News Reader အမျိုးမျိုးရှိတာကြောင့် သောတရှင်တို့အသုံးပြုတဲ့ Operating System နဲ့ ကိုက်ညီတဲ့ RSS News Reader ကိုရှာဖွေအသုံးပြုရမှာဖြစ်ပါတယ်။

RSS နဲ့ ပတ်သက်တဲ့ ရှင်းပြချက်နဲ့ အကူအညီကို နှိပ်ပါ ဒီမှာကြည့်ပါ

အသံပိုကြည်လင်အောင်ဘယ်လိုဖမ်းယူမလဲ။

အသံလွှင့်စက်က လွှင့်ထုတ်လိုက်တဲ့ လှိုင်းတိုအသံလှိုင်းတွေဟာ ကမ္ဘာမြေကြီးကနေ ကီလိုမီတာရာနဲ့ချီဝေးတဲ့ အိုင်ယွန်းနိုစဖီးယားအလွှာနဲ့ ကမ္ဘာမြေကြီးအကြား၊ ရိုက်ခတ်ပြီး ဖမ်းယူတဲ့ရေဒီယိုဆီကို ရောက်ရှိလာတာဖြစ်ပါတယ်။ အိုင်ယွန်းနိုစဖီးယားအလွှာမှာ ရှိတဲ့ ဓာတ်ငွေ့တွေဟာ မကြာခဏဆိုသလို လှုပ်ရှားနေတဲ့အတွက် နေ့နဲ့ည ရာသီအပြောင်းအလဲကိုလိုက်ပြီး၊ ဖမ်းယူရာမှာ အသံလှိုင်းတွေဟာ အရည်အသွေးပြောင်းလဲနိုင်ပါတယ်။ နာရီပိုင်းအတွင်းမှာတောင်မှ ပြောင်းလဲနိုင်ပါတယ်။ လျှပ်စစ်မုန်တိုင်း၊ တောတောင်ထူတဲ့နေရာနဲ့ မြင့်မားတဲ့ အဆောက်အဦးတွေကြောင့်လည်း အသံလှိုင်းတွေကို ထိခိုက်မှုရှိစေနိုင်ပါတယ်။

အသံအကြည်လင်ဆုံးကြားနိုင်အောင် -

- ဘက်ထရီသုံး ရေဒီယိုဆိုရင် ဘက်ထရီအားနည်းနေလျှင် အသံဖမ်းယူတာကို ထိခိုက်စေနိုင်တဲ့အတွက် ဘက်ထရီကို မကြာမကြာ လဲသင့်ပါတယ်။

- ရေဒီယို အသေးစားလေးတွေမှာဆိုရင် စပီကာက အတော်သေးတာကြောင့် နားကြားကိရိယာ၊ နားကြပ် ဒါမှမဟုတ် စပီကာအကြီးစား သုံးပြီးနားထောင်ရင် အသံပိုကောင်းနိုင်ပါတယ်။

- ရေဒီယိုကို နေရာအမျိုးမျိုးမှာထားပြီး ဖမ်းကြည့်ပါ။ ရေဒီယိုကို ပြူတင်းပေါက်နားမှာ ထားပြီး၊ အသံလွှင့်ဌာနဘက်ကို မျက်နှာမူထားမယ်ဆိုရင် များသောအားဖြင့် အသံပိုကောင်းတတ်ပါတယ်။

- ရေဒီယိုကို သတ္တုပစ္စည်းတခုခုပေါ်မှာတင်ပြီး အသံဖမ်းလျှင်လည်း ပိုကောင်းနိုင်ပါတယ်။

- မိမိရေဒီယိုက ဧရိယာတိုင်အတိုအရှည်ကို ချိန်လိုက်၊ ဟိုဘက်ဒီဘက်လှည့်လိုက် စသည်ဖြင့် စမ်းပြီး နားထောင်ကြည့်သင့်ပါတယ်။

- သံမဏိ ဘောင်တွေကာထားတဲ့အခန်းမျိုးနဲ့ ကွန်ကရိကာထားတဲ့ နေရာထဲကနေ ရေဒီယိုနားထောင်ရင် အသံမကောင်းတတ်ပါ။ ဒါပေမယ့် ရေဒီယိုကို ပြူတင်းပေါက်နားရွှေ့ပြီး ဖမ်းလျှင် အသံပိုကောင်းလာနိုင်ပါတယ်။ နောက်ပြီး ပြင်ပဧရိယာတိုင်နဲ့ချိတ်ပြီး ဖမ်းလျှင်လည်း အသံပိုကောင်းနိုင်ပါတယ်။

- ဒါပေမယ့် မိုးကြိုးပစ်တဲ့အချိန်မှာ ပြင်ပဧရိယာကြိုးကို ထိနိုင်တယ်ဆိုတာလည်း သတိထားဖို့ အရေးကြီးပါတယ်။ မိုးခြိမ်းနေတဲ့အချိန်မျိုးမှာ ပြင်ပဧရိယာကြိုးကို ရေဒီယိုကနေ ဖြုတ်ထားသင့်တယ် ဆိုတာကို သတိရပါ။

ဂြိုဟ်တုက နားဆင်နိုင်တယ်

ဘီဘီစီ မြန်မာဘာသာ အစီအစဉ်တွေကို ဂြိုဟ်တုစလောင်းကနေ လည်း ဖမ်းယူနားဆင်နိုင်ကြပါတယ်။

ဘီဘီစီရဲ့ အစီအစဉ်တွေကို PAS10 နဲ့ Indonesia Palapa ဂြိုဟ်တုတွေကနေ တဆင့်ထုတ်လွှင့်ပေးနေပါတယ်။

နှိပ်ပါ ဂြိုဟ်တုက ဖမ်းယူနားဆင်နည်း

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။