BBC navigation

အလွယ်တကူ ကြည့်နိုင်ရန် အကူအညီ

World-wide web အင်တာနက် စာမျက်နှာတွေ၊ ဝက်ဘ်ဆိုက်တွေဟာ အင်တာနက်အသုံးပြုသူ မသန်မစွမ်းသူ တွေအတွက် လွတ်လပ်မှုတွေပေးနိုင်သလို လူမှုအသိုင်းအဝိုင်းနဲ့ ဘီဘီစီကိုလည်း အထောက်အကူတွေ ပိုပြီးထိထိရောက်ရောက် ပေးနိုင်စေတဲ့ နည်းလမ်းတွေ ပေးနေပါတယ်။

BBCBurmese.com စာမျက်နှာတွေကို လူတိုင်း အလွယ်တကူ ဝင်ရောက်ဖတ်ရှုနိုင်အောင် စီစဉ် ထားပါတယ်။

ဒီလို အလွယ်တကူ ကြည့်နိုင်ဖို့:

- Semantic markup : ၂၀၀၈ ခုနှစ်အကုန်ကစလို့ ဘီဘီစီရဲ့ စာမျက်နှာတွေကို နိုင်ငံတကာ စံနှုန်းတွေနဲ့ အညီ ဖွဲ့စည်းထားပြီး၊ search engine ရှာဖွေရေး နည်းလမ်းတွေနဲ့ စာမျက်နှာပေါ်က အကြောင်းအရာတွေကို ရယူကြည့်ရှု နိုင်မှာလည်း ဖြစ်ပါတယ်။

- RSS feeds : ဘီဘီစီမြန်မာပိုင်းရဲ့ အစီအစဉ်တွေ ထုတ်လွှင့်ချက်တွေကို RSS နည်းနဲ့လည်း ရယူနိုင်ပါတယ်။ မြန်မာပိုင်းအစီအစဉ်ရဲ့ ပင်မစာမျက်နှာ ပေါ်မှာ RSS နည်းနဲ့ ရယူနိုင်တဲ့ လင့်ကို ဖော်ပြထားပါတယ်။

မြန်မာပိုင်းအစီအစဉ် သာမက တခြား သင့်တော်ရာ အကြောင်းအရာတွေကို လည်းရယူနိုင်ကြမှာ ဖြစ်ပါတယ်။

- Low graphics version : ရုပ်ပုံနဲနဲ၊ စာသားများများ ပုံစံနဲ့လဲ ဘီဘီစီရဲ့ စာမျက်နှာတွေ အကြောင်းအရာ ခေါင်းစဉ်တွေကို ကြည့်ရှုနိုင်ပါတယ်။ ဘီဘီစီ ဝက်ဘ်ဆိုက်ကို ဝင်ရောက်ကြည့်ရှုသူ လူမျိုးစုံအတွက် အဆင်ပြေအောင်၊ သတင်းစာမျက်နှာတွေကို ခေါင်းစဉ်တွေ အဖြစ်လည်း အစီအစဉ်လိုက် ဖော်ပြပေးနိုင်ပါတယ်။

- ဘီဘီစီမြန်မာပိုင်း အစီအစဉ်စာမျက်နှာတွေကို နောက်ခံပုံစံနဲ့ အရောင်တွေ ပြောင်းလဲ ကြည့်ရှုနိုင်တဲ့ ရွေးချယ်စရာ လည်းပေးထားပါတယ်။

- စာမျက်နှာပေါ်က စာလုံးအရွယ်အစားကိုလည်း ကြီးအောင် ချဲ့ကြည့် နိုင်ပါတယ်၊ (ဒါကတော့ ကိုယ့် ကွန်ပြူတာရဲ့ အင်တာနက် browser မှာ View ကိုရွေးပြီး၊ အဲဒီထဲကမှ Zoom ဒါမှမဟုတ် Text Size ကို ရွေးပြီး စာလုံးကို ကြီးနိုင် သေးနိုင်ပါတယ်။)

- စာမျက်နှာရဲ့ နဖူးစည်းနဲ့ အောက်ခြေ နေရာတွေ မှာလည်း အတိုသုံးနည်း shortcuts တွေနဲ့၊ လွယ်လင့်တကူ ကြည့်နိုင်မယ့် အကူအညီ အတွက် ရွေးချယ်စရာတွေ ထားရှိပေးပါတယ်။

ဘီဘီစီဆိုက် ကို လွယ်လွယ်ကူကူ ကြည့်နိုင်ဖို့ နည်းလမ်းအပြည့်အစုံကိုတော့ နှိပ်ပါ http:www.bbc.co.uk/accessibility ကိုသွားပြီး My Web ဆိုတဲ့ အပိုင်းမှာ အင်္ဂလိပ်လို ဖတ်ရှုနိုင်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။