
ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီ ဖြစ်လာတဲ့ Apple
အမေရိကန် ပြည်ထောင်စုက Apple ကုမ္ပဏီဟာ ကမ္ဘာပေါ်မှာ တန်ဘိုး အကြီးမားဆုံး ကုမ္ပဏီ ဖြစ်လာပါတယ်။
ဒီကုမ္ပဏီရဲ့ တန်ဘိုးဟာ နယူးယောက်က ဒေါဂျုံးစ် ရှယ်ယာ စျေးကွက်မှာ အမေရိကန် ဒေါ်လာ ၆၂၀ ဘီလီယံ ရှိပါတယ်။
အိုင်ဖုန်း၊ အိုင်ပဒ် နဲ့ အိုင်ပေါ့ဒ် တွေကို တီထွင် ဖြန့်ဖြူး ရောင်းချတဲ့ ဒီကုမ္ပဏီရဲ့ ရှယ်ယာ ဈေးတွေက အရင် ၁၉၉၉ ခုနှစ်က မိုက်ကရိုဆော့ဖ် ကုမ္ပဏီ တင်ထားတဲ့ စံချိန်ကို ချိုးသွား ခဲ့တာ ဖြစ်ပါတယ်။
လေ့လာသူတွေတော့ နောက်ထပ် ထွက်လာတော့မယ့် အိုင်ဖုန်း ၅ နဲ့ အိုင်ပဒ် မော်ဒဲလ် အသစ် တွေကြောင့် Apple ရဲ့ တန်ဘိုး တွေတက်သွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
















