BBC navigation

ပြည်ပဆန်တင်ပို့မှု မျှော်လင့်ထားသလို တိုးလာနိုင်မလား

နောက်ဆုံး ရေးသားချိန် 17 သြဂုတ်လ 2012 - 20:49 GMT

မီဒီယာ ပလေးယား

ဒီလို ဆန်တင်ပို့မှု တိုးနိုင်ဖို့ ဘာတွေလိုအပ်ချက်တွေရှိနေပါသလဲ။ မြန်မာနိုင်ငံဆန်လုပ်ငန်းရှင်များ အသင်းချုပ် အကြီးတန်းသုတေသနပညာရှင် ဗဟိုအလုပ်အမှုဆောင် ဒေါက်တာစိုးထွန်း နဲ့ လယ်သမားကြီး ဦးအောင်သွင် ဦးတို့ကို မေးမြန်းတင်ဆက်ထားပါတယ်။

ဆန်တင်ပို့မှုနဲ့ လယ်သမားတွေရဲ့ အခက်အခဲ

မြန်မာအစိုးရအနေနဲ့ အခုနှစ်မှာ ဆန်တန်ချိန် တသန်းခွဲ ၂၀၁၅ခုနှစ်မှာ တန်ချိန် ၃ သန်းအထိ တိုးပြီး နိုင်ငံခြားကို တင်ပို့နိုင်ဖို့ ရည်မှန်းချက်ထားရှိတယ်လို့ မြန်မာနိုင်ငံဆန်လုပ်ငန်းရှင်များ အသင်းချုပ်က ပြောပါတယ်။ မနှစ်က တန်တင်ပို့မှုဟာ တန်ချိန် ၈ သိန်းနီးပါးရှိခဲ့တယ်လို့ ဆိုပါတယ်။

အခုလို မျှော်မှန်းထားတဲ့အတိုင်း ဆန်တင်ပို့ရောင်းချနိုင်ဖို့ ဆန်လုပ်ငန်းရှင်တွေနဲ့ လယ်သမားတွေဘက်မှာ ဘာလို စိန်ခေါ်မှုတွေ ရှိနေသလဲ ။

မြန်မာနိုင်ငံဟာ တချိန်တခါက ကမ္ဘာမှာ ဆန်တင်ပိုမှုအများဆုံးနိုင်ငံ ဖြစ်ခဲ့ဘူးပါတယ်။

၁၉၆၂ခု စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်းကတည်းက ပြည်ပဆန်တင်ပို့ရောင်းချမှုကျဆင်းနေခဲ့တာ အခု အစိုးရသစ်တက်လာတဲ့အချိန်အထိပါဘဲ။ အခု အစိုးရသစ်ရဲ့ သမ္မတဦးသိန်းစိန်ကလည်း လယ်ယာကဏ္ဍမှာ ရင်နှီးမြှတ်နှံမှုတွေတိုးလာဖို့ နည်းပညာနဲ့ စက်မှုလယ်ယာစ့နစ်ကိုပြောင်းလဲဖို့ ကြိုးစားဆောင်ရွက်နေတယ်လို့ မိန့်ခွန်းတွေထဲမှာ ဖေါ်ပြနေတာတွေ့ရပါတယ်။ ဒီအချိန်မှာဘဲ ပြည်ပဆန်တင်ပို့မှု တိုးဖို့မျှော်မှန်းချက်တွေ ထွက်ပေါ်လာခဲ့တာပါ။ ဒါပေမယ့် ဒီလို ဆန်တင်ပို့မှု တိုးနိုင်ဖို့ ဘာတွေလိုအပ်ချက်တွေရှိနေပါသလဲ။

မြန်မာနိုင်ငံဆန်လုပ်ငန်းရှင်များ အသင်းချုပ် အကြီးတန်းသုတေသနပညာရှင် ဗဟိုအလုပ်အမှုဆောင် ဒေါက်တာစိုးထွန်း နဲ့ လယ်သမားကြီး ဦးအောင်သွင် ဦးတို့ကို မေးမြန်းပြီး

ဒီတပါတ်စီးပွားရေးအစီအစဉ်မှာ ဦးဘမော်ကတင်ဆက်ထားပါတယ်။

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။