BBC navigation

မိုးရေကြီးလို့ ထိုင်းမြန်မာနယ်စပ်မှာ ကုန်စျေးတက်

နောက်ဆုံး ရေးသားချိန် 11 သြဂုတ်လ 2012 - 17:33 GMT

မြဝတီမြို့ကနေ ပြည်တွင်းကိုသွားတဲ့ လမ်း တလျှောက်မှာ ကားတွေ သွားလာရတာ အခက်အခဲ ရှိနေ

ထိုင်းမြန်မာနယ်စပ် မဲဆောက် မြဝတီ၊ ကုန်သွယ်ရေး လမ်းကြောင်းဟာ မိုးရွာပြီး လမ်းတွေ ပျက်စီး နေလို့ ကုန်စည် စီးဆင်မှု နှောင့်နှေး ကြန့်ကြာ နေရတာ ကြောင့် ပြည်တွင်း စျေးကွက်မှာ ကုန်ပစ္စည်းတွေ ပြတ်လပ် ပြီး၊ စျေးတက်နေတယ်လို့ နယ်စပ်ကို ရောက်လာတဲ့ သူတွေက ပြောပါတယ်။

ထိုင်းနယ်စပ်၊ မြဝတီမြို့ကနေ ပြည်တွင်းကိုသွားတဲ့ လမ်းတလျှောက်မှာ ကားတွေ သွားလာရတာ အခက်အခဲ ရှိနေတယ်လို့ ကုန်သည်တဦးက ဘီဘီစီကို ပြောပါတယ်။

ပြည်တွင်းမှာ ကုန်စျေးတွေ တက်နေလို့လည်း၊ စျေးကောင်းကို အမှီရအောင်၊မြန်မာဖက်ကို သယ်နေတဲ့ ထိုင်းပစ္စည်းတွေ အထဲမှာ စားအုန်းဆီ၊ အချိုမှုန့်၊ ငါးသေတ္တာ၊ ထိုင်း ငါးခြောက်၊ ငါးကြပ်တင်တွေနဲ့ ကြက်ဥ၊ ဘဲဥတွေ အများဆုံး ဖြစ်ပြီးတော့၊ မုန့်ပုံးမျိုးစုံ၊ အိုဗာတင်း၊ မိုင်လို၊ ကော်ဖီမှုန့် အထုတ်တွေနဲ့ အချိုရည် မျိုးစုံတွေကိုလည်း တွေ့ရပါတယ်။

တခြားပစ္စည်းတွေ ကတော့ ဓါတ်ဆီ၊ ဒီဇယ်ဆီ၊ ရာဘာဖိနပ်၊ ပလပ်စတစ် အလိတ်၊ မိုးကာဖျင်တွေနဲ့ လုပ်ငန်းသုံး ပစ္စည်းတွေ၊ ဆေးဝါးတွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ကနေ ထိုင်းဘက်ကို ပြန်ပြီး တင်ပို့ လာတာတွေက၊ ငရုတ်၊ ကြက်သွန်၊ ပဲမျိုးစုံ၊ ပုဇွန်ခြောက်တွေ ဖြစ်ပါတယ်။ မြန်မာရွှေ့ပြောင်း အလုပ်သမား စျေးကွက် အတွက် တင်ပို့လာတာ တွေကတာ့၊ နို့ထောပတ်၊ အသားဗူး၊ ဆယ်မိုင်မုန့်ခြောက်၊ ခေါက်ဆွဲခြောက်၊ လဘက်ထုတ်တွေနဲ့ တိုင်းရင်းဆေးဝါးတွေ များပါတယ်။

မြန်မာနိုင်ငံက တဆင့်၊ တရုတ်နိုင်ငံထုတ် ပစ္စည်း၊ လူသုံးကုန်၊ အထည်တွေနဲ့ ဂွမ်းကပ်တွေလည်း ထိုင်းဖက်ကို တင်ပို့လာတာ ရှိပါတယ်။


မဲဆောက်က ဘီဘီစီသတင်းထောက် ကိုအောင်ကျော်ဦးက သတင်းပေးပို့သည်။


ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။