နောက်ဆုံး ရေးသားချိန် 23 နိုဝင်ဘာလ 2010 - 01:29 GMT

တဆွဲတပိုး ကုန်သည်တွေ အလုပ်ဖြစ်

တိုက်ပွဲအေး သွားတာကြောင့် အရောင်းအဝယ် ပြန်ကောင်းလာ

ကရင်ပြည်နယ်ရဲ့ထိုင်းနယ်စပ် မြ၀တီမြို့ထဲမှာ နေထိုင်ကြတဲ့ ဒီကေဘီအေတွေ အခုလဆန်းပိုင်းတုံးက မြို့ထဲမှာ ပစ်ခတ် ထွက်ပြေး သွားပြီးကတည်းက မဲဆောက်၊မြ၀တီ နယ်စပ် ကုန်သွယ်ရေး ရပ်ဆိုင်းနေတာ အခုရက်ပိုင်းကျမှ တဆွဲတပိုး ကုန်သည်ငယ် တချို့ မဲဆောက်ကို စျေး၀ယ်လာတာ တွေ့ရပါတယ်။

အဲဒီလို ထိုင်းဖက်ကို ပစ္စည်းလာ၀ယ်တဲ့ ကုန်သည်ငယ်၊ ကုန်သည် အလတ်တွေဟာ မြ၀တီနယ်စပ် ကနေ ပြည်တွင်းကို နည်းအမျိုးမျိုးနဲ့ ထိုင်းပစ္စည်းတွေကို သယ်ဆောင် နေကြတယ်လို့ ကုန်သည် တယောက်က ပြောပါတယ်။

ထိုင်းကနေ မြန်မာဖက်ကို သွားနေတဲ့ ပစ္စည်းတွေ ကတော့ ကလေး၊ လူလတ်နဲ့ လူကြီး ဆွယ်တာတွေ ဂွမ်းကပ်တွေ၊ လျှပ်စစ်ပစ္စည်း မျိုးစုံနဲ့ ပလပ်စတစ် ပစ္စည်းတွေကို တွေ့ရပါတယ်။

စားသောက်ကုန်တွေ ကတော့၊ အချို့မှုန့်၊ အချိုရည်၊ မုန့်မျိုးစုံ၊ ကြက်ဥ၊ ဘဲဥ၊ မွေးမြူရေးကြက်၊ မွေး မြူရေးငါး၊ မွေးမြူရေး ပုဇွန်တွေ အပြင်၊ ဟင်းသီး၊ဟင်းရွက်တွေနဲ့ အသီးအနှံတွေလည်း ပါပါတယ်။

မြန်မာနိုင်ငံ ကနေ ထိုင်းဖက်ကို ပြန်တင်ပို့လာတာ တွေက၊ ဆန်၊ ပဲ၊ ငြုပ်၊ ကြက်သွန်၊ ငပိ၊ ငပိရည်ကျို၊ ငါးခြောက်၊ ပုဇွန်ခြောက်၊ ခေါက်ဆွဲခြောက်၊ ငြုပ်ဆီ၊ ဖယောင်းတိုင်၊ အမွှေးတိုင်၊ ပုဆိုး၊ ထမီ၊ ချုပ်ပြီးသား မြန်မာအထည်တွေနဲ့ တိုင်းရင်ဆေးဝါးတွေ ဖြစ်ပါတယ်။

မနေ့က ညနေပိုင်းမှာ ထိုင်းအထည်ရွှေ တဘတ်သားဟာ ထိုင်းဘတ် ၁၉၃ဝဝ နှုန်းစျေး ပေါက်ပြီးတော့၊ မြန်မာငွေစျေးက၊ ကျပ်တရာကို ထိုင်းဘတ် ၃ ဘတ်ပြား ၃ဝ နှုန်းနဲ့ စျေးပိတ် သွားပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။