နောက်ဆုံး ရေးသားချိန် 27 ဧပြီလ 2010 - 19:12 GMT

ရှပ်နီတွေရဲ့ဆန္ဒပြမှုကြောင့် ထိုင်းမြန်မာ နယ်စပ်ကုန်သွယ်ရေး ထိခိုက်

ယိုးဒယား ကြက်ဥ မြန်မာကို ပို့မယ်

အခုရက်ပိုင်းအတွင်း အာဏာသိမ်းခံ လိုက်ရတဲ့ ထိုင်းဝန်ကြီးချုပ် သက်ဆင် ရှင်နာဝပ်ကို ထောက်ခံတဲ့ ရှပ်နီဝတ်တွေက ဘန်ကောက်မြို့မှာ လက်ရှိ ထိုင်း အစိုးရကို ဖြုတ်ချဖို့ ဆန္ဒပြနေတဲ့ အတွက် မဲဆောက် မြဝတီ ထိုင်းမြန်မာ နယ်စပ် ကုန်သွယ်ရေးကို ထိခိုက် လာပါတယ်။

ဘန်ကောက်က ထွက်ကုန် အတော်များများဟာ နယ်စပ်ဖက်ကို တင်ပို့နိုင်ခြင်း မရှိလို့ မြန်မာနိုင်ငံကို တင်ပို့နေတဲ့ ထိုင်းပစ္စည်းတွေ အတော် နည်းသွားတယ်လို့ ကုန်သည်တယောက်က ပြောပါတယ်။

အခင်း သံပြားထူတွေ ၊ ဘိလပ်မြေ ဖျော်တဲ့စက် အငယ်တွေရယ် အသီးနှံကားတွေက ပုံမှန် အဝင် ရှိနေပါတယ်။

တခြား လူသုံးကုန်တွေ ဖြစ်တဲ့ အဝတ်အထည် ၊ ရာဘာဖိနပ် ၊ အချိုမှုန့် ၊ အချိုရည် ၊ မုန့်မျိုးစုံနဲ့ ကြက်ဥ ၊ ဘဲဥတွေကတော့ ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ အဓိက ကုန်သွယ်ရေး အချက်အချာ ဖြစ်တဲ့ ဖိစနုလတ် ခရိုင်က လာတာတွေ မြန်မာဖက်ကို သွားနေတာ ရှိပါတယ်။

တချိန်ထဲမှာ ဘန်ကောက်က ဆန္ဒပြပွဲကြောင့် မြန်မာနိုင်ငံက ထွက်ကုန်ပစ္စည်း ကိုလည်း နယ်စပ်ကနေ ဘန်ကောက် ဈေးကွက်ကို တင်ပို့လို့ မရ ဖြစ်နေပါတယ်။

ဒါကြောင့် မြန်မာ့ စိုက်ပျိုးရေး ထွက်ကုန်တွေ ပြည်တွင်းကနေ နယ်စပ်ဖက်ကို တင်ပို့တာတွေ လုံးဝနီပါး ရပ်ဆိုင်း သွားတယ်လို့ ကုန်သည် က ပြောပါတယ်။

မြန်မာ ပြည်တွင်းက ထွက်ကုန်ဖြစ်တဲ့ ဆန် ၊ ပဲ ၊ ကြက်သွန် ၊ ငြုပ် အစရှိတဲ့ ကုန်ပစ္စည်းတွေ စီးဆင်းမှု တန့်နေတယ်လို့ သူက ထပ်လောင်း ပြောကြား သွားခဲ့ပါတယ်။

အခုလက်ရှိ ထိုင်းမြန်မာ နယ်စပ်မှာ မြန်မာ ကျပ်တရာကို ထိုင်းဘတ် ၃ဘတ် ၂၂ ပြားနှုန်း ဈေးပေါက်နေပြီး ထိုင်းအထည်ရွှေ တဘတ်သားဟာ ထိုင်းဘတ် ၁ရ၅၅၀နှုန်း ဈေးဖြစ်နေတယ်လို့ သိရပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။