စိမ်းပြာ ရေညှိ ထွက်တဲ့ နေရာ တွေ ယူနက်စကို တင်ဖို့ကြံ

  • 23 ဩဂုတ် 2014
chindwin
ချင်းတွင်း မြစ် ဘေးက မီးတောင် ရေအိုင်တွေ ထိန်းမယ်

မြန်မာ နိုင်ငံက ရှားပါး စိမ်းပြာ ရေညှိ ထွက်ရှိတဲ့ စစ်ကိုင်းတိုင်း မုံရွာ မြို့နားက တွင်းတောင် ဒေသနဲ့ အင်းအိုင် တချို့ကို ကုလ သမဂ္ဂ ယူနက်စကို ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ဖြစ်ဖို့ ကြိုးပမ်းမှုတွေ ရှိနေပါတယ် ။

အစိုးရ စက်မှုနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဌာနတွေ ရဲ့ ထောက်ခံမှု တွေ ရယူပြီး ယူနက်စကိုကို အဆင့်ဆင့် တင်သွင်းဖို့ ဆောင်ရွက်သွားမယ်လို့ တင်သွင်းဖို့ ကြိုးပမ်း နေသူ တွေထဲက ဂျွန် ဆေးဝါး လုပ်ငန်း စက်ရုံ ပိုင်ရှင်နဲ့ ရေညှိ ပညာရှင် ဒေါက်တာ မင်းသိမ်း က ပြောပါတယ်။

မုံရွာ တွင်းတောင်နဲ့ ချင်းတွင်း မြစ် တဘက်ကမ်းက တောင်ပျောက်နဲ့ တွင်းမ အင်းတွေ၊ ပြီးတော့ စစ်ကိုင်းက ရေခါး အင်းတွေကို သယံဇာတ အမွေ အနှစ် စာရင်း သွင်းဖို့ ကြိုးစား နေတာပါ။

ဒီနေရာ တွေမှာ ကမ္ဘာဦးက ဆေးဘက်ဝင် စိမ်းပြာ ရေညှိ အများအပြား ပေါက်ရောက်နေပြီး ဒီလို တစုတဝေး တွေ့နိုင်တဲ့ နေရာ ဆိုလို့ အာဖရိက နဲ့ မက္ကဆီကို တချို့ ရေအိုင် တွေမှာပဲ ရှိပါတယ်။

တွင်းတောင်ကို ရေချိုသွင်းပြီး ငါးမွေး မှုတွေကြောင့် စိမ်းပြာရေညှိတွေ ကုန်ခမ်း ကုန်တယ်လို့လဲ ဒေါက်တာ မင်းသိမ်းက ဆိုပါတယ်။

ဒီလို ယူနက်စကိုက ကမ္ဘာ့ အမွေအနှစ် စာရင်း သွင်းလိုက်ပြီ ဆိုရင် အစိုးရ သက်ဆိုင်ရာ က အဖိုးတန် သယံဇာတ တွေကို ကာကွယ် စောင့်ရှောက်မှုတွေ ရှိလာနိုင်မယ်လို့ ဒီအမည် စာရင်း တင်သွင်းမှုကို ထောက်ခံသူ ဖရီဒါ အဖွဲ့က ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးအုန်းက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ