မိထ္ထီလာဒုက္ခသည် တချို့ အိမ်သစ်ရ

  • 20 ဩဂုတ် 2014
meikhtila_
မိထ္ထီလာ ဒုက္ခသည် စခန်းတစ်ခုထဲက ပုံရိပ်

မိတ္ထီလာမြို့ ဘာသာရေး အဓိကရုဏ်း အတွင်း မီးလောင်မှု ကြောင့် အိုးအိမ်မဲ့ ဖြစ်ခဲ့ရပြီး၊ ဒုက္ခသည် စခန်းတွေ ထဲ နေထိုင် နေကြရတဲ့ အိမ်ထောင်စု တွေကို မဲဖောက်ကာ၊ နေရပ်ရင်း နန်းတော်ကုန်း ရပ်ကွက်အတွင်း ဆောက်လုပ် ပေးထားတဲ့ အိမ်သစ် အလုံး ၃၅၀ မှာ နေရာ ချခဲ့ပါတယ်။

ဒီ အိမ်သစ်တွေကို၊ ရန်ကုန် အမ်အမ် ရောင်နသ်ဗလီ မိသားစုက ဦးစီးပြီး ကောက်ခံ ရရှိခဲ့တဲ့ ပြည်တွင်း အလှူငွေ တွေနဲ့ ဆောက်လုပ် လှူဒါန်းကြောင်း သိရပါတယ်။

မွတ်ဆလင်မ် မိသားစု ၂၅၅ စုနဲ့ ဗုဒ္ဓဘာသာဝင် မိသားစု ၉၅ စု တို့ကို နေရာချနိုင် ခဲ့တယ် လို့ နေအိမ်တွေ ကို ဆောက်လုပ် ပေးနေ တဲ့ ကုမ္ပဏီ ရဲ့ ကြီးကြပ်ရေးမှူး ဦးခင်နန်း က ပြောပါတယ်။

ဆောက်လုပ်ထား တဲ့ အိမ်တချို့ဟာ အနိမ့်ပိုင်း ရေဝပ်ရာ နေရာတွေမှာ ရောက်နေတဲ့ အတွက်၊ မြေဖို့တာမျိုး လို ပြန်လည် ပြင်ဆင် လုပ်ကိုင်ရမှာ တွေ ရှိနေတယ် ဆိုပြီး၊ အိမ် မဲပေါက်တဲ့ ဒုက္ခသည် တချို့က ဆိုပါတယ်။

လောလောဆယ် မှာတော့၊ မိတ္ထီလာ တစ်မြို့လုံး အတိုင်းအတာ အနေနဲ့၊ ဒုက္ခသည် စခန်းတွေထဲ နေထိုင် နေကြရတဲ့ ဒုက္ခသည် ဦးရေက ၃၅၀ဝ ကျော် ရှိနေတာပါ။

ဒီထဲက ဒုက္ခသည် ၁၅၀ဝ ဝန်းကျင်လောက် ဟာ အခုခါမှာ နေအိမ်သစ် တွေ ရသွားတာ ဖြစ်တဲ့ အတွက်၊ ကျန်တဲ့ ဒုက္ခသည် ၂၀ဝ၀ ကျော် ကတော့ စခန်းတွေ မှာ ဆက်ရှိ နေဦးမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ