ရွေးကောက်ပွဲ သမာသမတ် ဖြစ်ရေး ညီလာခံ

  • 20 ဇူလိုင် 2014
ရွေးကောက်ပွဲ တွေမှာ ပွင့်လင်း မြင်သာ ဖို့နဲ သမာ သမတ် ကျဖို့ ကိစ္စတွေကို ဆွေးနွေး ခဲ့ကြ

အမေရိကန် အစိုးရ အကူ ညီပေး ရေးအဖွဲ အစည်း -USAID- က ပံ့ပိုး ပြီး အမေရိကန် အမျိုးသား ဒီမိုကရက်တစ် အင်စတီကျူ့ NDI က စီစဉ် တဲ့ မြန်မာ နိုင်ငံက ရွေးကောက်ပွဲ များ သမာ သမတ် ကျရေး အတွက် နယ်ပယ်စုံက အဖွဲ အစည်းတွေ ပါဝင်တဲ့ ညီလာခံ တစ်ခုကို ရန်ကုန် မြို့မှာ ကျင်းပ ခဲ့ပါ တယ်။

ရန်ကုန်မြို့ park royal hotel- မှာ လုပ်တဲ့ ဒီညီ လာခံ ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး နဲ့ နိုင်ငံရေး ပါတီက ကိုယ်စား လှယ်တွေ တက်ရောက် ကြပြီး၊ မြန်မာ နိုင်ငံမှာ ကျင်းပဖို့ ရှိတဲ့ ရွေးကောက်ပွဲ တွေမှာ ပွင့်လင်း မြင်သာ ဖို့နဲ သမာ သမတ် ကျဖို့ ကိစ္စတွေကို ဆွေးနွေး ခဲ့ကြ ပါတယ်။

အမေရိကန် NDI က ပညာရှင်တွေ နဲ့ ရွေးကောက်ပွဲ ဆိုင်ရာ လေ့လာ သူတွေ ပါတက်ရောက် တဲ့ ဒီ ညီလာခံမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦး တင်အေးက မြန်မာနိုင်ငံမှာ ကျင်းပဖို့ ရှိတဲ့ ကြားဖြတ် ရွေးကောက်ပွဲ အပါဝင် ရွေးကောက်ပွဲ တွေကို မှန်မှန် ကန်ကန် လုပ်ပေး သွားမယ်လို့ ပြောခဲ့ပါတယ်။

လွှတ်တော် ထဲမှာ ဆွေးနွေး စရာ ခေါင်းစဉ် တစ်ခု ဖြစ်နေတဲ့ အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲ စနစ် ဆိုတဲ့ PR စနစ် နဲ့ ပတ်သက်ပြီး၊ ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ လေ့လာသူ အဖြစ်သာ လွှတ်တော်မှာ တက်ရောက် နေတာ ဖြစ်တယ်လို့ ဦးတင်အေးက ပြောပါတယ်။

PR စနစ် အကောင် ထည်ဖော်ရေး အတွက် အမျိုးသား လွှက်တော်က ရွေးထားတဲ့ ကော်မရှင် ကနေ ဒီဇိုင်း ဆွဲနေတာ ဖြစ်ပြီး၊ ရွေးကောက်ပွဲ ကော်မရှင်ကို ပို့မှာ ဖြစ်သလို၊ ရွေးကောက်ပွဲ ကော်မရှင်က ဥပဒေ ပြင်မယ် ဆိုရင်တော့ လွှက်တော်ကို ပြန်ပို့ပြီး မဲခွဲဖို့ ရှိပါတယ်။

ဒါအပြင် ယခု အခါ PR စနစ် ကျင့်သုံးရေး အဆိုကို ပြည်သူ့ လွှတ်တော်မှာလည်း ထပ်မံ တင်သွင်းဖို့ ဆောင်ရွက် နေတာလည်း ရှိပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD နဲ့ တိုင်းရင်းသား ပါတီတွေ ကတော့ ဒီစနစ် ဟာ မြန်မာ နိုင်ငံ နဲ့ မသင့်တော်ဘူး ဆိုပြီး ကန့်ကွက် ထားတာ ဖြစ်ပါတယ်။