ကမ္ဘာ့ဘဏ် နဲ့ မြန်မာပြည်ကူညီရေး အစီအစဉ်

  • 11 ဧပြီ 2014
world bank
ကမ္ဘာ့ဘဏ် နွေဦးရာသီ ညီလာခံ ကို မြန်မာပြည်က လူမှုရေး အဖွဲ့တွေကိုလည်း ဖိတ်ကြား

ကမ္ဘာ့ဘဏ်ရဲ့ နွေဦးရာသီ ညီလာခံမှာ မြန်မာပြည်ကူညီရေး အစီအစဉ် နဲ့ပတ်သက်ပြီး သုံးသပ်တာတွေ လုပ်နေပါတယ်။

မြန်မာနိုင်ငံမှာ လုပ်ဆောင်နေကြတဲ့ ကမ္ဘာ့ဘဏ်ရဲ့ အကူအညီပေးရေး ကြားဖြတ် အစီအစဉ်တွေဟာ လာမယ့် ဂျွန်လမှာ သက်တမ်းကုန်ပြီ ဖြစ်ပါတယ်။

ကမ္ဘာ့ဘဏ် အနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ ရေရှည် စီမံကိန်းတွေ ဖော်ဆောင်နိုင်ဖို့၊ အခုကျင်းပနေတဲ့ နွေဦးရာသီ ညီလာခံမှာ သက်ဆိုင်ရာ အဖွဲ့တွေ ဆွေးနွေး နေကြတယ်လို့၊ အဲဒီ့ အစည်းအဝေးတွေမှာ ကိုယ်တိုင် တက်ရောက်နေတဲ့ ကချင်ငြိမ်းချမ်းရေး ကွန်ရက် က ဒေါ်ခွန်ဂျာက ကပြောပါတယ်။ ကမ္ဘာ့ဘဏ်ဟာ ကချင်ငြိမ်းချမ်းရေး ကွန်ရက် တို့လို အရပ်ဖက် အဖွဲ့အစည်းတွေကို ဖိတ်ခေါ်ပြီး၊ အကြံဉာဏ် ရယူတာမျိုးကို အခုလို ပြုလုပ်လေ့ ရှိပါတယ်။

ဒါပေမယ့် ဒေါ်ခွန်ဂျာကတော့ ကျေးလက်အခြေပြု အဖွဲ့အစည်းတွေပါ ပိုမိုပါဝင် နိုင်အောင် ကျယ်ကျယ်ပြန့်ပြန့် ဖိတ်သင့်တယ်လို့ ပြောပါတယ်။ ကမ္ဘာ့ဘဏ် အပါအဝင်၊ နိုင်ငံတကာက အကူအညီပေးရေး အစီအစဉ်တွေ၊ ရင်းနှီးမြှပ်နှံမှုတွေဟာ၊ တိုင်းပြည်ရဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ရေရှည်ခိုင်မြဲအောင် တည်ဆောက်နေတဲ့ ကြိုးစားမှုတွေကိုလည်း အထောက်အကူ ပြုဖို့ လိုအပ်တယ် လို့လည်း ဒေါ်ခွန်ဂျာက ပြောခဲ့ပါတယ်။

အခုကျင်းပနေတဲ့ ကမ္ဘာ့ဘဏ်ရဲ့ နွေဦးရာသီ ညီလာခံမှာ၊ မြန်မာနိုင်ငံက အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ ဖြစ်တဲ့ ကချင် ငြိမ်းချမ်းရေး ကွန်ယက်၊ မေတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း နဲ့ အိုင်အက်စ်အိုင် စောင့်ကြည့်ရေးအဖွဲ့က ကိုယ်စားလှယ်တွေ တက်ရောက် နေကြပါတယ်။