BBC navigation

MSF လုပ်ငန်း ကျန်းမာရေးက လွှဲယူမယ်

နောက်ဆုံး ရေးသားချိန် 27 မတ်လ 2014 - 20:41 GMT
msf myanmar

လူနှစ်သောင်းခွဲ ကျော်ကို ကျန်းမာရေး က တာဝန်ယူမယ်

နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ (MSF-ဟော်လန်) ရဲ့ ရခိုင် ပြည်နယ် က ကျန်းမာရေး လုပ်ငန်း တွေကို တလ အတွင်း ကျန်းမာရေး ဌာနက အပြီးသတ် လွှဲပြောင်း နိုင်မယ် လို့ ကျန်းမာရေး ဦးစီး ဌာန ဒုတိယ ညွှန်ကြား ရေးမှူး ဦး ကျော်ကံကောင်း က ပြောပါတယ်။

MSF တာဝန်ယူ ဆောင်ရွက် ခဲ့တဲ့ HIV/AIDS ဝေဒနာသည် ၇၅ဝ ကျော်၊ ငှက်ဖျား ရောဂါ သည် ၈ဝ ကျော် နဲ့ အခြား ကျန်းမာရေး စောင့်ရှောက်မှု လိုအပ် သူ နှစ်သောင်းခွဲ ကို ကျန်းမာရေး ဌာန က အစားထိုး တာဝန် ယူဖို့ ဖေဖော် ဝါရီလ ကတည်းက ဆောင်ရွက် နေပါတယ်။

MSF ဆောင်ရွက် နေတဲ့ စစ်တွေ၊ မင်းပြား၊ ကျောက်တော်၊ ပလက်ဝ၊ ဘူးသီးတောင် မြို့တွေ က ကျန်းမာရေး စောင့်ရှောက်မှု တွေ ကို အစိုးရ က လွှဲပြောင်း ယူနေတာ ဖြစ်ပါတယ်။

ရခိုင် ပြည်နယ် က HIV/AIDS ၊ တီဘီနဲ့ ငှက်ဖျား ရောဂါ ဝေဒနာရှင် တွေဟာ ကျန်းမာရေး ဌာနနဲ့ ပြည်သူ့ ဆေးရုံတွေမှာ ဆေးလာ ကုသနိုင်မှာ ဖြစ်သလို ရွာတွေ၊ ဒုက္ခသည် စခန်း တွေက လူနာ တွေ ကိုတော့ သူတို့ဆီ အထိ သွားပြီး ကျန်းမာရေး စောင့်ရှောက်မှု ပေးမယ် လို့ ဦးကျော်ကံကောင်း က ပြောပါတယ်။

MSF ဟာ ဒုချီးရာတန်း အရေးမှာ နိုင်ငံတကာ အဖွဲ့တွေကို သတင်း အမှား တွေ ပေးခဲ့တယ် ဆိုပြီး စစ်တွေမြို့ ဒေသခံ တွေက ဆန္ဒပြ ခဲ့ပြီးတဲ့ နောက် အစိုးရဟာ MSF ရဲ့ ရခိုင်ပြည်နယ်က လုပ်ငန်းတွေကို ပြီးခဲ့တဲ့ လ မှာ ရပ်ဆိုင်း ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။