သမ္မတနဲ့ စစ်ဦးစီးချုပ် ကချင်ခရီး

  • 17 မတ် 2014
kachin
ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ကြာရှည်နေဆဲ

မြန်မာ သမ္မတ ဦးသိန်းစိန်နဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ကချင် ပြည်နယ်ကို ရောက်ရှိ နေပါတယ်။

ဒါဟာ သူတို့ ၂ ဦးရဲ့ ပထမဆုံး ပူးတွဲ ခရီးစဉ် ဖြစ်ပြီး ဒီခရီးစဉ် အတွင်း မြစ်ကြီးနား မြို့က ဘာသာရေး ခေါင်းဆောင်တွေ၊ ဒေသခံ တွေနဲ့လည်း တွေ့ဆုံ ခဲ့ပါတယ်။

သမ္မတက စစ်ဦးစီးချုပ် ရှေ့မှာ ငြိမ်းချမ်းရေး ကြိုးပမ်း သွားမယ်လို့ ကတိ စကား ပြောခဲ့တာဟာ လေးနက် ခိုင်မာမှု ပြယုဂ် သဘော ဖြစ်တယ်လို့ သမ္မတနဲ့ ဒေသခံတွေ တွေ့ဆုံပွဲ တက်ရောက် ခဲ့တဲ့ ကချင် ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့က ဦးစန်အောင်က ဆိုပါတယ်။

သမ္မတ နဲ့ စစ်ဦးစီးချုပ် ခုလို လူထုကြားထဲ ထွက်လာ တာဟာ ငြိမ်းချမ်းရေး လုပ်ငန်းအပြင် တခြား နိုင်ငံရေး အနက် အဓိပ္ပာယ်တွေ အများကြီး ပါနိုင်တယ်လို့ နိုင်ငံရေး ရပ်ကွက်တွေက ရှုမြင် နေကြ ပါတယ်။

၂ဝ၁၅ ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေး ကြီး ၄ ကြီး အင်အားပြိုင်မှု မှာ သမ္မတနဲ့ ကွာဟချက် တွေများတဲ့ လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း ဘက်က ဒေါ်အောင်ဆန်း စုကြည် က ရပ်တည် နေလို့ သမ္မတက ပြန်မဲတင်းတဲ့ သဘောလား လို့ နိုင်ငံရေး အကဲခတ် ဦးသန်းစိုးနိုင်က သုံးသပ်ပြပါတယ်။

မြန်မာ ခေါင်းဆောင် ၂ ဦးဟာ ပူတာအို မြို့ကို သွားတယ် လို့လည်း သိရပါတယ်။