BBC navigation

ရိုဟင်ဂျာ အမည် ထည့်သွင်းမှု တင်းမာ

နောက်ဆုံး ရေးသားချိန် 15 မတ်လ 2014 - 15:44 GMT
rohingya

ဘာသာရေး ပဋိပက္ခ တွေကြောင့် ရခိုင်ဒေသ အထိနာ

လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီဟာ ရခိုင် ပြည်နယ် စစ်တွေ မြို့တော်မှာ သောကြာနေ့က ဒေသခံ လူမျိုးစု တွေနဲ့ တွေ့ဆုံပြီး မကြာခင် ကောက်ယူ တော့မယ့် သန်းခေါင် စာရင်း ဆိုင်ရာ ကိစ္စတွေ ပြောဆို ခဲ့ပါတယ် ။

ဒီလို ဆွေးနွေးခဲ့ရာမှာ ရခိုင် တွေ ဘက်က လိုလားတဲ့ သန်းခေါင် စာရင်းမှာ ရိုဟင်ဂျာ အမည် မထည့်သွင်း ရေးနဲ့ ပတ်သက်ပြီး ဦးခင်ရီက ဘာမှ တိတိ ကျကျ ဖြေမသွားဘူးလို့ စစ်တွေ မြို့မိ မြို့ဖ ဦးသန်းထွန်း က ပြောပါတယ်။

မွတ်ဆလင် ဘာသာရေး ခေါင်းဆောင် တွေ၊ ရပ်ရွာ လူကြီးတွေနဲ့ တွေ့ဆုံ ရာမှာတော့ သန်းခေါင် စာရင်း ကောက်ယူရေး မှာ မွတ်ဆလင် တွေဘက် နှောင့်ယှက်မှု တွေ မလုပ်ဖို့ ဦးခင်ရီ က ပြောဆို ခဲ့ကြောင်း တွေ့ဆုံခဲ့သူ တွေနဲ့ နီးစပ်တဲ့ စစ်တွေ မြို့ခံ တယောက်က ပြောပါတယ်။

သန်းခေါင် စာရင်းမှာ မွတ်ဆလင် တွေ ဘင်္ဂါလီလို့ ထည့်ထည့်၊ ရိုဟင်ဂျာ လို့ ထည့်ထည့် နိုင်ငံသား ပေးမှာ မဟုတ်ဘဲ ရိုဟင်ဂျာလို့ ပေးရင် ရခိုင်တွေနဲ့ ပြဿနာ တက်နိုင်ကြောင်း ဦးခင်ရီ က ပြောဆို ခဲ့တယ်လို့ သိရ ပါတယ်။

မတ်လ ၃ဝ ရက်ကနေ ဧပြီလ ၁ဝ ရက်ထိ ၁၂ ရက်တာ ကောက်ယူ သွားမယ့် သန်းခေါင် စာရင်းဟာ မြန်မာ နိုင်ငံမှာ နှစ်ပေါင်း ၃ဝ ကျော် အတွင်း ပထမဆုံး ပြန်လည် ကောက်ယူ တဲ့ သန်းခေါင် စာရင်း ဖြစ်ပြီး ဝေးလံတဲ့ ဒေသ တချို့မှာ ကြိုတင် ကောက်ယူ မှု တွေ စတင်နေပြီ ဖြစ်ပါတယ်။

ကုတ်အမည် စာရင်း ထည့်သွင်းမှု နဲ့ ပတ်သက် ပြီး တိုင်းရင်းသား ဒေသတွေမှာ အငြင်းပွားမှုတွေ အများအပြား ရှိနေဆဲ ဖြစ်ပြီး ရိုဟင်ဂျာ အမည် ထည့်သွင်းမှု ကတော့ အဓိက အငြင်းပွားမှု တခု ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။