ဆန္ဒပြခွင့် ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို လွှတ်တော်တင်

  • 19 ဖေဖော်ဝါရီ 2014
အခု ဥပဒေကြမ်းမှာ ဆန္ဒပြခွင့် တောင်းခံ ရမယ့် အချက် ကတော့ ရှိနေဆဲ ဖြစ်ပါတယ်

ငြိမ်းချမ်းစွာ စုဝေးခွင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ ကြမ်း အဖြစ် ပြည်သူ့ လွှတ်တော်မှာ ဗုဒ္ဓဟူး နေ့က တင်သွင်းခဲ့ ပါတယ်။

ခွင့်ပြုမိန့် တောင်းခံ တာကို ဖျက်သိမ်း ပေးဖို့ တောင်းဆို မှုတွေ ရှိခဲ့တယ် ဆိုပေမယ့် အခု ဥပဒေ ကြမ်းမှာ ဆန္ဒပြခွင့် တောင်းခံ ရမယ့် အချက် ကတော့ ရှိနေ တာကို တွေ့ရပါတယ်။

ဒါပေမယ့်လည်း အကြောင်းပြချက် မခိုင်လုံပဲ ငြင်းပယ်ခွင့် မရှိဘူးဆိုတဲ့ အချက်ကို ဖြည့်စွက် ထားတယ်လို့ ပြည်သူ့ လွှတ်တော် ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ရှင်းပြ ပါတယ်။

ဆန္ဒပြမယ့်သူတွေကနေ အရင်လိုပဲ ၅ ရက် ကြိုတင်ရမှာ ဖြစ်ပြီး၊ အာဏာပိုင်တွေ ဘက်နေလည်း ခွင့်ပြုချက် ပေး မပေး ဆိုတာကို ၂၄ နာရီ တင်ကြို အကြောင်း ပြန်ကြားရမှာ ဖြစ်ပါတယ်။။

အကျိုး အကြောင်းနဲ့ ခွင့်မပြု နိုင်ဘူး ဆိုတဲ့ ကြားက ဆန္ဒပြမယ် ဆိုရင်၊ နဂိုက ၆ လ ကနေ ၂ နှစ် အထိ ပြစ်ဒဏ်တွေကို တဝက်စီ လျှော့ချ ထားပါတယ်။

အခု ပြင်ဆင်ချက်တွေ ကိုတော့ လွှတ်တော် အမတ်တွေ ဆွေးနွေး အတည်ပြုဖို့ လုပ်ရဦးမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ