BBC navigation

သံဃာနဲ့ ဘာသာ မတူသူတွေ ပြေလည်ရေး

နောက်ဆုံး ရေးသားချိန် 17 ဖေဖေါ်ဝါရီလ 2014 - 17:00 GMT
mya aye

ဟောပြောပွဲ ဟန့်တားခံရတဲ့ ကိုမြအေး

မကြာခင်က ရန်ကုန် မန္တလေး မြို့ကြီး တွေမှာ ဘာသာ မတူတဲ့ စာရေးဆရာ တချို့ရဲ့ ဟောပြောမှု တွေ ကို ရဟန်းတော် တချို့က ဟန့်တား ကန့်ကွက် ခဲ့ကြပါတယ်။

ဒီလို သံဃာတွေရဲ့ ဆန္ဒနဲ့ ပိတ်ပင် တားမြစ်မှုတွေက လွတ်လပ်စွာ ပြောဆိုခွင့်ကို ပိတ်ပင်ရာ ကျတယ်လို့ မန္တလေးမြို့ မြဝတီ မင်းကြီး ကျောင်းတိုက် ဆရာတော် ဦးအရိယဝံသာ ဘိဝံသက မိန့်ပါတယ်။

နိုင်ငံမှာ ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေး ပါတီ အလိုက် ကွဲပြားမှုကို ဖြစ်စေတဲ့ အရေး ကိစ္စတွေမှာ သံဃာတွေ မပါသင့်ကြောင်း လည်း ဆရာတော် က မိန့်ပါတယ်။

တိုင်းပြည် ကောင်းကျိုး ပြုတဲ့ နိုင်ငံရေး ကိစ္စ မျိုးမှာသာ သံဃာတွေ ပါဝင် ဆောင်ရွက်သင့် ပြီး နိုင်ငံ မှာ နစ်နာမှုတွေ ဖြစ်စေနိုင်တဲ့ လှုပ်ရှားမှု တွေက ရှောင်ကြဉ် သင့်ကြောင်းလည်း မိန့်ကြား ခဲ့ပါတယ်။

လတ်တလော မြန်မာ သံဃာတွေရဲ့ ဘာသာရေး အမျိုးသားရေး စိတ်ဓာတ် ပြင်းထန်မှု တွေများပြီး ဘာသာ မတူသူတွေကြား ပြေလည်အောင် နေနိုင်ရေး အတွက် စိုးရိမ်မှုတွေလည်း များပြား နေပါတယ်။

ဒါကြောင့် ဗုဒ္ဓ ဘာသာဝင် တွေဘက်ကလည်း မိမိ ဘာသာနဲ့ သူတပါး ဘာသာဝင်တွေ အေးချမ်းစွာ ယှဉ်တွဲ နေနိုင်ရေး အားထုတ်သင့်သလို တခြား ဘာသာဝင် တွေကလည်း ဆိုင်ရာ ဘက်ကနေ ကြိုးစား သွားသင့်တယ်လို့ မေတ္တာကမ်ပိန်းက ပဓာန နာယက ဆရာတော် ဦးအရိယဝံသာ ဘိဝံသက မိန့်ကြား သွားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။