BBC navigation

၅ ထောင်တန် ငွေစက္ကူ အတုတွေ မိ

နောက်ဆုံး ရေးသားချိန် 17 ဖေဖေါ်ဝါရီလ 2014 - 16:02 GMT
bank  myanmar

ဘဏ်ကို ငွေအပ်ချိန်မှာ တွေ့ရှိ သိမ်းဆည်းမိ

မန္တလေးတိုင်း တချို့ ကျေးလက် ဒေသတွေမှာ ငါးထောင်တန် ငွေစက္ကူ အတုတွေ မိနေတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ် နေပါတယ်။

ဖေဖော်ဝါရီ လထဲ ကပဲ မြင်းခြံ နယ်က လယ်သမား တွေဆီက နွားဝယ်ရာက ဒီငွေစက္ကူတု အရွက် ၇ဝ လောက် သိမ်းမိခဲ့တာ ဖြစ်ပါတယ်။

ထိုင်းနဲ့ တရုတ် နိုင်ငံ ထုတ် ငါးထောင်တန်နဲ့ တသောင်းတန် ငွေစက္ကူ အတုတွေ ပြည်သူတွေ လက်ထဲ ရောက်ရှိ စီးဆင်း နေတယ် လို့လည်း သိရပါတယ်။

ကျေးရွာက လူတွေ စိုက်ပျိုးစရိတ် ပြန်ဆပ်ဖို့ နွားရောင်းပြီး ဘဏ်မှာ လာအပ်တဲ့ အခါမျိုးမှ အတုမှန်း သိတဲ့ မှုခင်းတွေ ရှိနေပါတယ်။

ကချင် နယ်စပ်က မိတဲ့ ငါးထောင်တန် ငွေစက္ကူ အတု ရာဂဏန်းထိ မိခဲ့ဖူးပြီး ဒီငွေတွေကို စီအိုင်ဒီ မှုခင်း ထောက်လှမ်းရေး ဌာနမှာ ရှိတဲ့ ငွေစက္ကူ အတု အစစ် ခွဲတဲ့စက်နဲ့ စစ်ဆေးလို့ ရတယ်လို့ လုံခြုံရေးနဲ့ ထောက်လှမ်း ရေး ရဲတပ်ဖွဲ့က ဒုညွှန်ကြားရေးမှူး ဒုရဲမှူးကြီး မင်းအောင် က ပြောပါတယ်။

ဒီငွေစက္ကူ အတု တွေကို စက္ကူ အမျိုးအစား၊ အရွယ်အစား၊ အရောင်အသွေး၊ အောက်ခံ ရေစာနဲ့ လုံခြုံရေး စည်းကြိုး ထည့်သွင်း ရိုက်နှိပ်မှုတွေ ကြည့်ပြီး ခွဲခြားလို့ ရတယ် လို့လည်း ဆိုပါတယ်။

ငွေစက္ကူ တွေကို ဘဏ်မှာ စက်နဲ့ရေရင် အတု အစစ် ခွဲသိနိုင်တဲ့ စက် မရှိလို့ လက်နဲ့ ရေမှ စိတ်ချ ရကြောင်းနဲ့ ဘဏ်ထုပ် ဆိုပြီး အထုပ်မပျက် ပေးတာတွေကို သေချာ စစ်ကြည့်ဖို့ လိုကြောင်း၊ အတု အစစ် သေချာ ကြည့်ရင် သိနိုင် ကြောင်း ဒုရဲမှူးကြီး မင်းအောင်က ပြောကြား ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။